Main menu

Background

SME လုပ်ငန်းများ အပေါ်အခွန် ၃၀ ရာခိုင်နှုန်း လျှော့ချ

Wed, 08/29/2012 - 07:52 -- Anonymous (not verified)

စီးပွားရေးလုပ်ငန်းများအားဆွဲဆောင်တဲ့အနေနဲ့ ဗီယက်နမ်အစိုးရဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ (SMEs) အပေါ် အခွန်ကောက်ခံမှု လျှော့ချပေးသွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်ကစပြီး အသက်ဝင်မဲ့ နိုင်ငံတော်မှ ထုတ်ပြန်ပြဋ္ဌာန်းမဲ့အမိန့်အရ (SMEs)  များအပေါ် ၃၀ ရာခိုင်နှုန်းထိလျှော့ချပေးသွားမှာ ဖြစ်ပါတယ်။ သို့သော် ထီလုပ်ငန်း၊ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း၊ လုံခြုံရေးကဏ္ဍနဲ့ ဇိမ်ခံပစ္စည်းများထုတ်လုပ်သော လုပ်ငန်းများ အကျုံးဝင်ခြင်းမရှိဘူး လို့ သိရပါတယ်။ လုပ်သားအင်အား ၃၀၀ ကျော်သော လုပ်သားအခြေပြု စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ စိုက်ပျိုးရေး၊ ပင်လယ်စာ၊ အထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်တဲ့လုပ်ငန်းများကတော့ အခွန်သက်သာခွင့်ပေးမဲ့ လုပ်ငန်းများထဲမှာ အကျုံးဝင်တယ်လို့ သိရပါတယ်။စီးပွားရေးတိုးတက်မှုမှာ ယခင်နှစ်ကထက် ၄ ဒသမ ၆၆ ရာခိုင်နှုန်းကျော်ပိုမိုပြီး တစ်နှစ်လုံး အတွက် နိုင်ငံတော်မှ ခန့်မှန်းထာတဲ့ ၆ ရာခိုင်နှုန်းထက်တော့ လျော့နည်းဖွယ်ရှိတယ်လို့ ဒုတိယဝန်ကြီးချုပ် Vu Van Ninh  ကပြောကြားတယ်လို့ သိရပါတယ်။လာမဲ့လများမှာ ဘဏ်ဝန်ဆောင်မှုများ တိုးတက်လာနိုင်တယ်လို့ မျှော်လင့်လျက်ရှိကြသော်လည်း ကျဆင်းမှုဘက်ကို ပိုမိုဦးတည်နေကြောင်း၊ လစဉ်ဝင်ငွေကန်ဒေါ်လာ ၄၄၀ (ဗီယက်နမ်ဒေါင် ၉ သန်း) အောက်ရှိသူများအပေါ် ဇူလိုင် ၁ ရက်မှစပြီး ၂၀၁၂ နှစ်ကုန်အထိ ဝင်ငွေခွန်ကောက်ခံမှုအား ဆိုင်းငံ့ ပေးသွားမယ်လို့ အသစ်ထုတ်ပြန်တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာစပြီး သက်ဝင်မဲ့အမိန့်စာမှာ ပြဋ္ဌာန်းထား တယ်လို့သိရပါတယ်။ လတ်တလောမှာပေးဆောင်ရန်ရှိသည်များပေးဆောင်ပြီးနောက် လစဉ်ဗီယက်နမ် ဒေါင် ၄ သန်းခန့် ဝင်ငွေရှိသူများသည် ပုဂ္ဂလိကအခွန် ၅ ရာခိုင်နှုန်းပေးဆောင်နေရတယ်လို့ သိရပါတယ်။Source : Than Nien News,CMK