Main menu

Background

ရေကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် သုံးသောင်းကိုးထောင်ကျော်ဝင်

Wed, 08/29/2012 - 07:59 -- Anonymous (not verified)

သီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၄၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၃၄၉၄၀ ဒသမ ၂၃ တန်၊ စုစုပေါင်း ၃၉၄၄၀ ဒသမ ၂၃ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ  တင် သွင်းရန်အတွက် ကုမ္ပဏီ ခုနစ်ခုမှ သွင်းခွင့်လိုင်စင် လျှောက်ထားလာတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ယခင်တစ်ပတ်ဈေးထက် ငါးဆယ်ကျပ် မြင့်တက်လာခဲ့ပါတယ်။ ပြင်ပဆိုင်ဈေးအနေနဲ့ ဒီဇယ်ရော ဓာတ်ဆီပါ တစ်ဂါလန်ကို ၁၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ရဲ့ ဈေးနှုန်းတွေက ဒီဇယ်တစ်ဂါလန် ၃၇၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလန် ၃၅၅၀ ကျပ်၊ အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်က ၃၉၀၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်း တွေက ဒီဇယ်က ၃၅၀၀-၃၆၀၀ ကျပ်၊ ဓာတ်ဆီက ၄၂၀၀-၄၃၀၀ ကျပ်ဖြစ်ပြီး အောက်တိန်းက တစ်ဂါလန်ကို ၃၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက ဆိုင်ဈေးရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက မပြောင်းခဲ့ပေမဲ့ ပြင်ပဆိုင်တွေရဲ့ ဒီဇယ်ဈေးကအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ်ဖြစ်တဲ့ သြဂုတ်  ၁၃ ရက်မှ ၁၇ ရက်အတွင်းရှိနေတဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးက ဒီဇယ် တစ်ဂါလန်ကို ၄၀၀၀ ကျပ်၊ ဓာတ်ဆီ ၃၇၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်များရဲ့ ဈေးနှုန်းက ဒီဇယ်တစ်ဂါလန်ကို ၃၆၀၀-၃၇၀၀ ကျပ်ရှိပြီး ဓာတ်ဆီတစ်ဂါလန်မှာ ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ  ဓာတ်ဆီ၊  ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေး က ယခင်တစ်ပတ်ဈေးအတိုင်းရှိနေပေမယ့် ပြင်ပဆိုင်မှာတော့ဒီဇယ်ဈေးက မပြောင်း လဲပေမဲ့ ဓာတ်ဆီဈေးက ယခင်တစ်ပတ်ဈေးထက် ၁၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က တစ်ဂါလန် ၃၇၀၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၉၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၅၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေး က မပြောင်းလဲပေမယ့် ဒီဇယ်ဈေးက ယခင်တစ်ပတ်ဈေးထက် ၅၀၀ ကျပ်ဈေးမြင့် လာပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက မပြောင်းလဲပေမဲ့ ဒီဇယ်ဈေးက ပုဂ္ဂလိက ဈေးလို ၅၀၀ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ဒီဇယ်က ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ လိုသလောက်ဝယ်လို့ရနေတာကြောင့် ပြင်ပဆိုင်ဈေးနဲ့ ပုဂ္ဂလိကဆိုင်ဈေး သိပ်မကွာ တာတွေ့ရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီ တစ်ဂါလန် ၃၆၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၇၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်ရဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                              MIRT-DOT