Main menu

Background

နေ့စဉ် အတက်အကျများရှိနေဆဲ ဖြစ်နေသော်လည်း အတက်ဘက်ကိုသာ ဦးတည်နေသည့် မြန်မာ့ရွှေဈေး

Wed, 08/29/2012 - 08:50 -- Anonymous (not verified)

မြန်မာ့ရွှေဈေးသည် နေ့စဉ်အတက် အကျများရှိနေသော်လည်း အတက် ဘက်သို့သာဦးတည်ေ နကြောင်း မြန်မာ့ ရွှေဈေးကွက်အတွင်းမှ  စုံစမ်းသိရှိရ သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အတက်ဈေးဖြင့်ဈေးပိတ်ခဲ့သည့် မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်အတွင်း ကျ ရိပ်သမ်းခဲ့သော်လည်း ဈေးပိတ်ချိန်တွင် အတက်ဈေးဖြင့်သာ ဈေးပိတ်ခဲ့သည် ကို တွေ့ရသည်။အိုလံပစ်ပြိုင်ပွဲ  ပြီးဆုံးသွားသဖြင့် လန်ဒန်မြို့တွင် ကမ္ဘာအနှံ့မှ စီးပွားရေး လုပ်ငန်းရှင်များသည် စီးပွားရေးဆိုင်ရာ ကုန်သွယ်မှု သဘောတူညီချက်စာချုပ် များ များပြားစွာ ချုပ်ဆိုခဲ့မှုကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင် လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်  လှုပ်ခတ်မှုနှင့် အတူ မြန်မာ့ရွှေဈေးကွက်ပါ လှုပ်ခတ် ခဲ့သည်။ သြဂုတ် ၁၃ ရက်က အခေါက် ရွှေတစ်ကျပ်သားလျင် ကျပ် ၇၃၉၀၀၀ ရှိခဲ့သော်လည်း သြဂုတ် ၁၄ ရက်တွင် ၇၃၈၂၀၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ သည်။ သို့သော် သြဂုတ်  ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ရုတ်ချည်းပြန်လည် မြင့်တက်ခဲ့ရာ   မြန်မာ့ရွှေဈေးသည် ကျပ် ၇၃၉၈၀၀ သို့ တက်လာခဲ့သည်။"လန်ဒန်အိုလံပစ်ပွဲပြီးချိန်မှာ   ရွှေ ဈေးက သိသိသာသာ  ကျမသွားဘဲ အတက်ဘက်ကိုတောင်  ပြလာတယ်။ ဒါပေမယ့်  သိပ်ပြီးအတက်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့ကျတော့ ဈေးက ပြန်တက်သွားပြန်ပြီ။ ကမ္ဘာ့ရွှေ ဈေးကလည်း မနေ့က ၁၆၀၄ ဒေါ်လာ ပဲရှိတာ။ဒီနေ့ကျတော့ ၁၆၁၆ ဒေါ်လာ ကိုခုန်တက်သွားတာ။ အဲဒီတော့ မြန်မာ့ ရွှေဈေးကလည်း လိုက်ပြီးတက်တော့ တာပဲ"ဟု ရွှေကုန်သည်တစ်ဦးက  ဆို သည်။ မယ်သီတာ