Main menu

Background

တရုတ်နိုင်ငံသို့ ရွှေရောင်းချမှု အများဆုံး ဟောင်ကောင်တွင် အပြည်ပြည်ဆိုင်ရာ ရွှေရောင်းဝယ်ရေးဗဟိုဌာနတစ်ခုကို ထူထောင်သွားမည်

Wed, 08/29/2012 - 08:51 -- Anonymous (not verified)

ငွေကြေးတန်ဖိုးများအားနည်းလာခြင်းနဲ့ ငွေကြေးဖောင်းပွလာခြင်း အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ကမ္ဘာအနှံ့ ဘဏ်တွေနဲ့ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးအစားရွှေကို ပြောင်းလဲသိမ်းဆည်းသိုလှောင်ထားဖို့ ရွှေဝယ်လိုအား နှစ်စဉ် မြင့်မားလျက် ရှိတယ်။ အဓိကမှာ တရုတ်နိုင်ငံမှ ရွှေဝယ်လိုအား သိသိသာသာမြင့်မားလာခဲ့တယ်။

ဒါကြောင့် တရုတ်နိုင်ငံ ကို ရွှေရောင်းချမှုအများဆုံး ဟောင်ကောင်မှာ အာရှရဲ့ အကြီးဆုံးသောအပြည်ပြည်ဆိုင်ရာ ရွှေရောင်းဝယ်ရေး ဗဟိုဌာန တစ်ခုထူထောင်ရေး စီစဉ်နေတယ်လို့ Malca-Amit Global Ltd., လက်အောက်ရှိ ဟောင်ကောင်အခြေစိုက် Mit Precious Metals Unit   မှ အထွေထွေမန်နေဂျာ  Joshua Rotbart  ကပြောကြားတယ်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်းအတွင်းရှိ အဆောက်အအုံတစ်ခုရဲ့ မြေညီထပ်မှာ ရွှေတန်ချိန် ၁၀၀၀ ထားရှိ သိုလှောင် နိုင်တဲ့ မြေတိုက်ခန်းနှစ်ခုပါဝင်တဲ့ နေရာတစ်ခုကို ပြင်ဆင်နေကြောင်း၊ မြေတိုက်ခန်းနှစ်ခုအနက် တစ်ခုမှာ ဘဏ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ရွှေများကို သိုလှောင်သွား မှာဖြစ်ပြီး အခြားအခန်းကို စိန်နဲ့ လက်ဝတ်ရတနာများ၊ အဖိုးတန်သတ္တု များနဲ့ ရတနာနဲ့ပြုလုပ်တဲ့ လက်မှုအနုပညာပစ္စည်းများ ထားရှိမယ်လိ့ု သိရတယ်။လက်ရှိ ကမ္ဘာမှာ နယူးယောက်၊ ဇူးရစ်နဲ့ လန်ဒန်တို့မှာသာ အပြည်ပြည်ဆိုင်ရာ ရွှေရောင်းဝယ်ရေး ဗဟိုဌာနတွေရှိ နေပြီး အာရှမှာမရှိသေးလို့ ဟောင်ကောင်မှာ ဖွင့်လှစ်ထားဖို့စီစဉ်ခြင်းဖြစ်ကြောင်း၊ ဒီလိုဖွင့်လှစ်ပေးခြင်းနဲ့ အာရှမှာလည်း ရွှေသိုလှောင်ခြင်း၊ ကုန်သွယ်ခြင်းတွေ ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း၊ အဓိကမှာ ဟောင်ကောင်က ကမ္ဘာ့ရွှေဝယ်လို အား အများဆုံးနိုင်ငံဖြစ်လာတဲ့ တရုတ်ကို ရွှေတင်ပို့ရာ အဓိက တံခါးပေါက်ဖြစ်နေကြောင်း Scotia bank မှ Asia-Pacific Foreign exchange and precious metals OuúX Sunil kashyap   က ပြောကြားတယ်။ ၎င်းစင်တာ ကို လာမယ့်စက်တင်ဘာလမှာ ဖွင့်လှစ်မှာဖြစ်တယ်လိ့ု သိရတယ်။၂၀၁၁ ခုနှစ်က အာရှပစိဖိတ်ဒေသမှ သန်းကြွယ်သူဌေးအရေအတွက်က မြောက်အမေရိကထက် ပထမဆုံး အကြိမ်အဖြစ် သာလွန်သွားခဲ့တဲ့အပြင် အာရှ-ပစိဖိတ်ဒေသအတွင်း အနည်းဆုံး ကန်ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံနိုင် တဲ့ လူတစ်ဦးချင်းစီအရေအတွက်က ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်မားလာကာ စုစုပေါင်းလူဦးရေ ၃ ဒသမ ၇၇ သန်းအထိ ရောက်ရှိခဲ့တယ်။ အဓိကမှာ တရုတ်နဲ့ အင်ဒိုနီးရှားတို့မှ သူဌေးဦးရေ အမြောက်အမြားထွက်လာခဲ့ကြောင်း၊ မြောက်အမေ ရိကမှာတော့ ဒီလိုသူဌေးအရေအတွက်က ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားကာ ဦးရေ ၃ ဒသမ ၃၅ သန်းသာရှိတော့ ကြောင်း သိရတယ်။
 
Source:bloomberg.com,  ပပ