ထိုင်းနဲ့တရုတ်မှ ဘိလပ်မြေတန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်သွင်းပြည်တွင်းကို သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၆၃၇၄ ဒသမ ၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်တစ်သိန်းကျော်ဖိုး ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေနဲ့ ဘိလပ်မြေအိတ်ခွံပါ တင်သွင်းလာတာတွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၆၂၉၉ ဒသမ ၉၉ တန်၊ အိတ်ခွံ က ၂၀ ဒသမ ၃၆၁ တန်နဲ့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၄ တန်တို့ ဖြစ်ပါတယ်။ MIRT(DOT)
နယ်စပ်မှ ဘိလပ်မြေ တန် ၃၁၀၀ ခန့် အသွင်းရှိသြဂုတ် ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၉ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန် ၃၁၀၁ အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေကတော့ တာချီလိတ်မှ ၁၆၁၁ တန်၊ ကော့သောင်းမှ ၆၄၈ တန်၊ လွယ်ဂျယ်မှ ၃၃၇ တန်၊ မြိတ်မှ ၂၃၅တန်၊ မူဆယ်မှ ၂၃၃ တန်နဲ့ ချင်းရွှေဟော်မှ ၃၆ တန်အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
ပုံမှန်လေးနဲ့ ဈေးကွက်အတွင်းမှာရှိနေတဲ့ ဘိလပ်မြေဈေးမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက တစ်ပတ်ပြီးတစ်ပတ် ဆက်တိုက် ရောင်းအားကျနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအေးပေမယ့် ဘိလပ်မြေဈေးက ကြံ့(မြိုင်ကလေး) ဘိလပ်မြေက တစ်အိတ် ကို ၂၀၀ ကျပ်ဈေးကျလာပြီး ကျန်ဘိလပ်မြေဈေးက ယခင်တစ်ပတ်ဈေးအတိုင်းပဲ ရှိနေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်အတွင်း ရောင်းချနေတဲ့ဈေးနှုန်းတွေက မြင်း ခေါင်းဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၇၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၁၇၅ ကျပ်၊ စိန်(ထိုင်း) ဘိလပ်မြေက ၄၆၅၀ ကျပ်ဈေးနှုန်းရှိကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဘိလပ်မြေက ဈေး ကွက်ထဲရောင်းအားရှိသလို အဝင်လည်း ပုံမှန်ရှိနေတာကြောင့် ဈေးကအတက် အကျသိပ်မရှိဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ အေသုံးလုံး ဘိလပ်မြေနဲ့ ဆင်မင်း(ကျောက်ဆည်)ဘိလပ်မြေက ယခင်တစ်ပတ်ဈေးထက် ၁၀၀ ကျပ်ဈေးကျလာခဲ့ပြီး ကျန်ဘိလပ်မြေတွေက ယခင်ဈေးအတိုင်းနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း ဘိလပ်မြေက အရောင်းအေးနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ မြို့တွင်းအသုံးနည်းသလို နယ် အမှာ တွေလည်း တော်တော်လေးနည်းလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေ ဈေးက ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ၅၀ ကျပ်မှ ၁၀၀ ကျပ်အတွင်း ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ဘိလပ်မြေ(ဆင်) ၄၉၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၈၅၀ ကျပ်၊ မောင်းတိန်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၇၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ဈေးကွက်ထဲမှာ အရောင်းက တစ်ပတ် ထက်တစ်ပတ် အေးနေပြီး ဒီဈေးနှုန်းအတိုင်းငြိမ်နေတာ တစ်လခွဲနှစ်လနီးပါးရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးနှုန်းက ယခင်တစ်ပတ်ဈေးနှုန်း တွေအတိုင်း ဆင်(ထိုင်း) တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ၆၀၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေတစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတို့ပဲ ဖြစ်ပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းထိုင်းတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ သယ်ယူစရိတ် အနည်းငယ်တက်ခဲ့တာကြောင့် ဘိလပ်မြေဈေးက ၂၀၀ ကျပ် ဝန်းကျင်ဈေးတက်ခဲ့ ပါတယ်။ မိုးလည်းများလာတာကြောင့် တချို့လုပ်ငန်း တွေလည်းရပ်နားခဲ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပိုပြီးအရောင်းအေးလာ တယ်လို့သိရပါတယ်။ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ဈေးတွေက စိန်(ထိုင်း)က တစ်အိတ်ကို ၆၉၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ် ကို ၅၃၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေတစ်အိတ်ကို ၄၉၀၀ ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ် ၅၉၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၆၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOT)