မြေသြဇာအရောင်းအေးသလို အဝင်နည်း
မြေသြဇာအရောင်းအေးသလို အဝင်နည်းဒီတစ်ပတ်ဖြစ်တဲ့ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း မြေသြဇာ ၄၄၅ ဒသမ ၄၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းတစ်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ မှာယူခဲ့တဲ့ မြေသြဇာက ထိုင်းနိုင်ငံမှ မြေသြဇာ ၇၂တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာက ၂၅၃ တန်၊ တရုတ်နိုင်ငံမှ မြေသြဇာ တန် ၁၂၀ ဖြစ်ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခု သြဂုတ် ၅ ရက်မှ ၁၁ ရက်အတွင်း တင်သွင်းခဲ့တဲ့တန်ချိန်က တစ်ထောင့် ခုနစ်ရာကျော်ရှိခဲ့တာကြောင့် ဒီနှစ်မှာ မြေသြဇာ အဝင် လျော့ခဲ့တယ်လို့ ဆိုရပါ မယ်။ MIRT (DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၅၉၀၀ ဝန်းကျင်အသွင်းရှိသြဂုတ် ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၃၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၅၉၀၁ တန်တင်သွင်းခဲ့ရာ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၅၄၅ တန်ခန့်၊ မြိတ်မှ ၁၁၅ တန်၊ ရိဒ်မှ ၁၁၂ တန်ကျော်၊ ကော့သောင်းမှ တန် ၁၀၀ နဲ့ မြဝတီမှ ၂၉ တန်ခန့် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မူဆယ်မှ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း ၁၅း၅း၅ နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ အများဆုံးတင်သွင်းခဲ့ပါတယ်။ MIRT(DOBT)
ရာသီအေးနေသလို ဈေးကွက်မှာလည်း ပုံမှန်လေးပဲရှိနေမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအဝယ်က တစ်ပတ် ပြီးတစ်ပတ် ပိုပြီးအေးလာတယ်လို့ အရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ရောင်းအားကျတော့ မြေသြဇာဈေးက အမြင့်မှာမရှိဘဲဖြစ်နေတယ်လို့ ပြောပါ တယ်။ ယခင်တစ်ပတ် ရောင်းတဲ့ဈေးထက် တစ်အိတ်ကို ၁၀၀၀ ကျပ်ဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးနှုန်း တွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅ ပတ်လည် (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ရန်ကုန်မြေသြဇာဈေးကွက်တွင် မြေသြဇာက အရောင်းအေးသလို ဈေးက လည်းငြိမ်နေတယ်။ ဒီတစ်ပတ်နဲ့ဆိုရင် အရောင်းအေးနေတာ နှစ်ပတ်ကျော်ရှိ နေပြီလို့ အရောင်းဆိုင်ဝန်ထမ်းမှပြောပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးကလည်း ယခင်တစ်ပတ်ဈေးအတိုင်း ယူရီးယား (နေရွက်လှေ)၂၀၂၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၁၃၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ) က ၃၈၆၀၀ ကျပ်၊ ကွန်ပေါင်း(၂၅းရး၇) က ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-တရုတ်) က ၂၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ ၃၃၀၀၀ ကျပ်နဲ့ ကွန်ပေါင်း (ရွက်လှေ-တရုတ်) ၂၉၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ အရောင်းတက်လာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ဆိုပါတယ်။ ရောင်းအားရှိလာတာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာ ဈေးက အနည်းငယ်မြင့်လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးထက် ယူရီးယား(ရွှေတောင်-တရုတ်) က ၁၀၀ ကျပ်၊ ပန်းဖူး (တရုတ်) က ၂၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်)က ၅၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်)က ၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၃၀၀ ကျပ် ဈေးမြင့် လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၁၉၈၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၈၀၀ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) က ၈၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၇၀၀ ကျပ်ဈေးနဲ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာ အရောင်းအေးပေမဲ့ ဈေးကကျမသွားဘဲ ယခင်တစ်ပတ် ဈေးအတိုင်းပဲရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက် အတွင်း ဈေးနှုန်းတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ က (အပြာ) ၁၇၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၅၀၀ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယား ပုလဲ(ပန်းဖူး- တရုတ်) က ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၅၀၀ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမက ၁၅၀၀၀ကျပ်၊ ပိုတက်က ၂၃၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးတို့နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအေးတယ်လို့ အရောင်းဆိုင် မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မိုးလည်းရွာနေတာကြောင့် မြေသြဇာလည်း အသုံးနည်းလာပါတယ်။ အရောင်းအေးပြီး အသုံးနည်းပေ မယ့် မြေသြဇာဈေးက အနည်းငယ်ပြန်တက်လာတယ်လို့ သိရပါတယ်။ ဒီလို ဈေးတက်ရတာက ဝယ်ရင်း ဈေးတက်တာကြောင့်လို့ဆိုပါတယ်။ ယူရီးယား (ယူအေအီး)က တစ်အိတ်ကို ၁၅၀၀ ကျပ်ဈေးမြင့်လာပြီး ကျန်မြေသြဇာက တစ်အိတ်ကို ၅၀၀ ကျပ်ဝန်းကျင်တက် လာပါတယ်။ ဒီတစ်ပတ်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ဈေးတွေက ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ပန်းဖူး-ရွှေတောင်) (တရုတ်)က တစ်အိတ်ကို ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်)က ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၆၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၂၀၀၀၀ကျပ်နဲ့ မြားကမ္ဘာက ၁၄၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။MIRT(DOT)
