ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ တန် ချိန် ၄၃၂ ဒသမ ၇၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းခုနစ်သောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဒွန်းနို့ဆီက ၂၆၂ ဒသမ ၃၀ တန်နဲ့ အိုကေနို့ဆီက ၂၀၆ ဒသမ ၄၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါ တယ်။
နို့ဆီတင်သွင်းမှုတွေထဲမှာကြည့် ရင် ဒွန်းနို့ဆီကို အများဆုံးမှာ ယူတင် သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီ တင်းပတ်မှာ နို့ဆီအဝင် တန်ချိန်က လည်း တန်ချိန် လေးရာကျော်ပဲဖြစ်ခဲ့ တာကြောင့် နို့ဆီအဝင်တန်ချိန် ညီခဲ့ တယ်လို့ ဆိုရပါမယ်။ နို့စိမ်းက ဒီတစ် ပတ်နဲ့ဆိုရင် သုံးပတ်ကျော် အဝင် ပျောက်ခဲ့ပါတယ်။နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၂၅ ဒသမ ၁၂၅ တန်နဲ့ စင်ကာပူနိုင်ငံမှ ၁၈ ဒသမ ၄၀၅ တန်အဝင်ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်စုစုပေါင်းက တန်ချိန် ၄၃ ဒသမ ၅၃ တန် ဖြစ်ပါ တယ်။ MIRT (DOT)
နယ်စပ်မှ နို့စိမ်းတစ်မျိုးသာ ယခုအပတ်အသွင်းရှိ သြဂုတ် ၈ ရက်မှ ၁၄ ရက်ထိကာ လအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၁ သန်း တန်ဖိုးရှိ နို့စိမ်း ၂၂၂ တန်သာကော့သောင်းနယ်စပ်မှအသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄ ဆကျော်အသွင်းရှိခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မှာ နို့ဆီတင်သွင်းမှု မရှိခဲ့ပါ ဘူး။ ကော့သောင်းမှာ နို့စိမ်းတစ်တာကို မိမိဘက်မှ ၂၇၈၄၀ ကျပ်ပေါက်ပြီး တစ်ဘက်နိုင်ငံမှ ၆၄၀ ဘတ် (ဒေါ်လာ ၂၀) ခန့် ဈေးပေါက်လျက်ရှိပါတယ်။ MIRT(DOBT)