Main menu

Background

အမေရိကန်ပြည်ထောင်စုရှိ ဒေသအချို့တွင် မိုးခေါင် ခြောက်သွေ့မှုကြောင့် ပြောင်း၊ ပဲပုပ်နှင့် ဂျုံဈေးများ မြင့်မားလာ

Wed, 08/29/2012 - 08:58 -- Anonymous (not verified)

ယခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုရှိ ဒေသအချို့မှာ နှစ်ငါးဆယ်အတွင်း အဆိုးဆုံး သော   မိုးခေါင်ခြောက်သွေ့မှု ကြောင့် ပြောင်း၊ ပဲပုပ်နဲ့ ဂျုံဈေး နှုန်းတွေမြင့်မားလာရာမှာ ပြောင်း ဈေး မြင့်မားမှုနှုန်း အများဆုံးဖြစ် ကြောင်း သိရတယ်။

သြဂုတ် ၁၁ ရက်ထုတ်ပြန်မယ့် အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန(USDA) က အစီရင်ခံစာမှာ  ပြည်တွင်း ပြောင်း စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချခန့်မှန်းပြီး   ဘွတ်ရှယ် ပေါင်း ၁၀ ဒသမ ၉၂၉ ဘီလီယံ (တန်ချိန်ပေါင်း ၂၇၃ ဒသမ ၈ သန်း)သာ ထုတ်လုပ်နိုင်မယ်လို့ ဖော်ပြနိုင်ကြောင်း  ခန့်မှန်းကြ တယ်။ ၎င်းင်းထုတ်လုပ်မှုနှုန်းက ၆ နှစ်အတွင်း အနည်းဆုံး ထုတ်လုပ် မှုနှုန်းဖြစ်တယ်လို့ Bloomberg. com မှသုတေသီတွေရဲ့ လေ့လာ ထားမှုအရ သိရတယ်။ ပဲပုပ်စေ့  ထုတ်လုပ်မှုကို လည်း ယခင်ခန့်မှန်းချက်အောက် လျှော့ချကာ ဘွတ်ရှယ်ပေါင်း ၂ ဒသမ ၇၉၆ ဘီလီယံ (တန်ချိန် ပေါင်း ၇၆ သန်းဝန်းကျင်) သာ ထုတ်လုပ်နိုင်မယ်လို့ ရည်မှန်းထား ရာ၂၀၀၇ခုနှစ်နောက်ပိုင်း အနည်း ဆုံး  ပမာဏဖြစ်တယ်။ ဒီလို အထွက်နှုန်းများ လျှော့ချခန့်မှန်း လာကြခြင်းက  ဈေးနှုန်းတွေကို မြင့်မားစေတယ်။ သြဂုတ် ၁၀ ရက်က ချီကာဂို ကုန်သွယ်ရေး ဘုတ်အဖွဲ့ (CBOT) ရဲ့ ဒီဇင်ဘာ လအရောက်ပို့ရမယ့် ပြောင်းဈေး နှုန်းက တစ်ဘွတ်ရှယ်ကို ၈ ဒသမ ၂၉၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၃၃၁  ဝန်းကျင်) အထိ ရောက်ရှိ ခဲ့ပြီး နောက်ပိုင်း  ၈ ဒသမ ၂၃၇၅ ဒေါ်လာ(တစ်တန်ကိုကန်ဒေါ်လာ ၃၃၀ ဝန်းကျင်)  နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ နိုဝင်ဘာလ  အရောက်ပို့ရမယ့် ပဲပုပ်စေ့မှာ တစ်ဘွတ်ရှယ်ကို ၁၆ ဒသမ ၃၁၂၅ ဒေါ်လာ (တစ် တန်ကို ကန် ဒေါ်လာ ၆၀၄ ဝန်း ကျင်) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လိ့ု သိရတယ်။  ဒီဇင်ဘာလ အရောက်ပို့ရမယ့်  ဂျုံမှာလည်း တစ်ဘွတ်ရှယ်ကို ၉ ဒသမ ၂၇ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ် လာ ၃၄၃ ဒေါ်လာဝန်းကျင်) အထိ ရောက်ရှိခဲ့တယ်လို့ သိရ တယ်။Source:Bloomberg.com,ပပ