Main menu

Background

နယ်စပ်မှ နှမ်းရောင်စုံ အပို့ပို

Wed, 08/29/2012 - 09:06 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ နှမ်းဖြူ ၅၇၃ တန်ကျော်၊ နှမ်းနက် ၇၄၂ တန်ခန့်နဲ့ နှမ်းညို ၂၉ တန်ကျော်ကို သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။

ယခင်အပတ်တင်ပို့မှုထက် ၄၉၃ တန်ဝန်းကျင် ယခုအပတ်မှာ အပို့ ပိုခဲ့ပါတယ်။ ယခင်အပတ်က ထက် နှမ်းဖြူရောနှ မ်းနက်ပါ အပို့ပိုတဲ့အပြင် ယခင် အပတ်ကအပို့မရှိတဲ့ နှမ်းညိုကို အခုအပတ်မှာ အပို့ရှိလာတာတွေ့ရပါတယ်။ ယခင် အပတ်ဈေးများနဲ့နှိုင်းယှဉ်လျှင် နှမ်းနက်ဈေး ကျပ် ၃၀၀၀၀ ခန့် ပိုလာတာ တွေ့ရ ပါတယ်- မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု    ယခင်    ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၁၁၀၈၆၄    ၁၁၀၇၈၃၇    ၃၀၂၇    ၀ .၃    ၁၂၉၃    ၁၂၉၂    ၁    ၀ .၀၇နှမ်းနက်    ၁၁၇၈၃၄၀    ၁၁၄၈၂၅၀    ၃၀၀၉၀    ၃    ၁၃၇၂    ၁၃၃၉    ၃၃    ၂ .၄၁ MIRT (DOBT)