Main menu

Background

ပြည်ပတင်ပို့မှု ပြန်တက်လာတဲ့အတွက် မလေးရှား စားအုန်းဆီဈေး အနည်းငယ်ပြန်တက်

Wed, 08/29/2012 - 09:09 -- Anonymous (not verified)

မလေးရှားစားအုန်းဆီဈေးက ယခုတစ်ပတ်အစပိုင်းမှာ  ၁၀ လအတွင်း အနိမ့် ဆုံးနီးပါးကျဆင်းပြီးေ နာက် ဈေးကွက်ပြန်ကောင်းလာပြီး ပြည်ပတင်ပို့မှုပြန်ကောင်း လာတာကြောင့် သြဂုတ် ၁၆ ရက်မှာ စားအုန်း ဆီကြမ်း ဈေးအနည်းငယ် ပြန်တက် လာပါတယ်။ အထွက်မြင့်တက်ပြီး ပြည်ပတင်ပို့မှုနည်းခြင်းက မလေးရှားနိုင်ငံ အတွင်း ဆီလက်ကျန်များမှာကို စိုးရိမ်တဲ့အတွက် သြဂုတ် ၁၄ ရက်ကြိုပွိုင့်ဈေးမှာ အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။

ဒါပေမယ့် သြဂုတ်လ ပထမလဝက်အတွင်း ပြည်ပတင်ပို့မှု ပြန်ကောင်းလာ ခြင်းက လက်ကျန်လျော့ကျမယ့် အခြေအနေတွေအရ ဈေးပြန်လည်ကောင်းလာ တာဖြစ်ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်းဆီကြိုပွိုင့်ဈေးဟာ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၂၉၀၆ (ကန်ဒေါ်လာ ၉၁၆)ဈေးရှိခဲ့ပါတယ်။ သြဂုတ်လ ပထမ ၁၅ ရက် အတွင်း စားအုန်းဆီတင်ပို့မှုဟာ ယခင်လကာလတူနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း ကုန်ပစ္စည်းစစ်ဆေးတဲ့ SGS စာရင်းအရ သိရပါတယ်။ အဓိကတင်ပို့ မှုအနေနဲ့ တရုတ်နဲ့ အိန္ဒိယကို ပိုမိုတင်ပို့ရတာကြောင့် ဖြစ်ပါတယ်။ စားအုန်းဆီထိပ်တန်းထုတ်လုပ်ရာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ဆီအုန်း ပင်များ ထိခိုက်နိုင်တဲ့ မိုးခေါင် ခြင်းကိုဖြစ်ပေါ်စေ တဲ့ နှစ်ကုန်ပိုင်း အယ်နီညို ရာသီဖြစ်စဉ် အခြေအနေကို ဈေးကွက် မှ စောင့်ကြည့်နေကြ ပါတယ်။ အရှေ့ အလယ်ပိုင်းမှ ရေနံရောင်းချမှုပြဿနာများနဲ့ ကမ္ဘာ့ထိပ်တန်းရေနံသုံးစွဲတဲ့ အမေရိ ကားမှာ လက်ကျန်ကျဆင်း ဖွယ်ရှိခြင်းတို့အပေါ် စိုးရိမ်မှုတွေအရ သြဂုတ်လ ၁၆ ရက် ဘရင့်ရေနံစိမ်းဈေးက ၃ လအတွင်း အမြင့်ဆုံးနီးပါးဖြစ်တဲ့ တစ်စည် ကန်ဒေါ်လာ ၁၁၆ အထက် မြင့်တက်လာပါတယ်။ မလေးရှားလက်ငင်းဈေးကွက်မှာ သြဂုတ်လအတွက် သန့်စင်ပြီး စားအုန်းဆီ ဈေးမှာ တစ်တန် ၅ ဒေါ်လာ မြင့်တက်ပြီး၊ တစ်တန်ကန်ဒေါ်လာ ၉၄၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းလက်ငင်းဈေးမှာ တစ်တန် ရင်းဂစ် ၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၉၆)ပိုမိုပြီး၊ ရင်းဂစ် ၂၈၀၀ (ကန်ဒေါ်လာ ၈၉၄) ဈေး ရှိပါတယ်။ ဒေလီယံကုန်စည် ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလ ပဲပုပ်ဆီ စာချုပ်ဈေးလည်း သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။    ယုဇန၊ Source: Reuters