ဘုရင့်နောင်ဈေးကွက်မှာ ယခင်အပတ်က ဈေးအတက်အကျ ကြမ်းခဲ့တဲ့ မတ်ပဲ (RC) ကို ဒီတစ်ပတ်မှာ အိတ်စပို့ဝယ်လက်က ပြည်ပဝယ်လိုအားလျော့သွားတာကို အကြောင်းပြပြီး ဈေးချအဝယ် ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး က အကျဘက်သို့ဦးတည်နေတယ်လို့ ပဲကုန်သည်တစ်ဦး က ဆိုပါ တယ်။
ပဲကိုတက်ဈေးမှာ အရောင်းသွက်ခဲ့တဲ့ လှောင်လက်ကုန်သည် တွေက အခုလိုပဲဈေးတွေ ထိုးကျနေတဲ့အခါမှာတော့ ထုတ်မရောင်း ကြတော့ဘဲ ဈေးဆက်စောင့်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၅၉၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၁၀၀၀၀ ကျပ်အတွင်း တန် ၁၆၁၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ဈေးကောင်းရခဲ့တဲ့ပဲစင်းငုံနီ (RC)ကို အိတ်စပို့ဝယ်လက် က ပြည်ပဈေးကွက်ရဲ့ ဝယ်လိအား အခြေအနေကိုတွက်ချက်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ဒီတစ်ပတ် မှာ ဈေးအနည်းငယ်ကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၆၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၉၃၀၀၀ ကျပ်အတွင်း တန် ၁၇၂၅ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။