- ဘုရင့်နောင်၊ ဟင်္သာတ၊ မန္တလေးနဲ့ ပြည်မှာ မတ်ပဲဈေးအနည်းငယ်ဆင်းပြီး အရောင်းအဝယ်ဖြစ် - ဈေးကွက်တိုင်းမှာ ပဲစင်းငုံနီက အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် - ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက ဝယ်လိုအားလျော့လို့ မန္တလေး၊ မကွေး၊ အောင်လံနှင့် ပြည်မှာ ဈေးကျ - ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ဒေသရဲ့ ပဲအရည် အသွေးကို စိစစ်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် မန္တလေးမှာ ဈေး အနည်းငယ်ကျပြီး မကွေးမှာ ဈေးတန့် - နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ အဝယ်သွက်လို့ မန္တလေးနဲ့ မကွေးမှာ ဈေးမြောက် - ပြောင်းက တောင်ကြီး၊ လားရှိုးနဲ့မူဆယ်မှာပုံမှန်အရောင်းအဝယ်ဖြစ်
Background