ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားသလို ကုလားပဲကိုလည်း မြို့ခံပဲခွဲစက်တွေ က အဝယ်ပြန်အေးသွား တာကြောင့် ဈေးကအကျဘက်သို့ ပြန်လည် ဦးတည်နေတာတွေ့ရပါတယ်။
ပဲတီစိမ်းကိုတော့ ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ပစ္စည်းအဝင်များ တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေး တန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲတစ် ပိဿာ ၈၉၅ ကျပ် (တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ပတ်အ တွင်းအိတ် ၂၁၀၀၊ ပဲစင်းငုံနီ တစ်ပိဿာကို ၁၀၅၀ ကျပ်နဲ့ တစ်ပတ် အတွင်း အိတ် ၂၀၀၀၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၁၁၇၅ ကျပ်(တစ်တန်ကို ၇၁၉၅၅၈ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ နဲ့ ပဲတီစိမ်း တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။