လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်ဝယ်လက်က ဝယ်အားကောင်း နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အမြင့်မှာရှိနေတယ်လို့ ဆိုပါတယ်။ ဒီနှစ်က သြင်္ကန်အပြီးမှာ မိုးပြတ်သွားတာကြောင့် သြဂုတ်လမှာ ထွက်ရမဲ့ပြောင်းက ဒီအတိုင်းဆိုစက်တင်ဘာလ လယ် လောက်မှ ဈေးကွက်ထဲဝင်ရောက်မဲ့သဘောဖြစ်နေသလို လက်ကျန် ပြောင်းကို လည်း လှောင်လက်ကုန် သည်တွေက ဈေးကောင်းရမှ ထုတ်ရောင်းမှုတွေရှိနေတယ် လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၂၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇၅၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
Background