မန္တလေးဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲအေးပြီး မြို့ခံ ပဲခွဲစက်များကသာ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီခဲ့တဲ့အပတ်က အရောင်းအဝယ်လိုက် ပြီး ဈေးကွက်မြင့်လာ တဲ့ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် ကအောက်ဈေးနဲ့ အဝယ်ရှိ တာကြောင့် လှောင်လက်ကုန်သည်များ က ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းလာတယ်လို့ ဆိုပါတယ်။
အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲတီစိမ်း(အညာ) ကို ယခင်အပတ်က တစ်ပိဿာကို ၁၁၃၈ ကျပ်(တစ်တန်ကို ၆၉၆၈၉၉ ကျပ်)ဈေးနဲ့အဝယ်ရှိခဲ့တဲ့ တရုတ် ဝယ်လက်က ဒီတစ်ပတ်မှာတော့ ပဲရဲ့အရည်အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးနှိမ်အဝယ်ရှိတာကြောင့် တစ်ပိဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေး ညံ့တဲ့ ပဲစင်းငုံနီ (ရွှေဘို)စကိုတော့ မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အဝယ်ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ် လက်နဲ့ ဒေသတွင်းခွဲစက်များက ဝယ်လိုအားလျော့သွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁၇၀ ကျပ်(တစ်တန်ကို ၇၁၆၄၉၆ ကျပ်) ကုလားပဲ(ထိုင်ဝမ်)က တစ်ပိဿာ ၁၁၇၃ ကျပ်(တစ်တန်ကို ၇၁၈၃၃၃ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်း တစ်ရက်ကို အိတ် ၇၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆီထွက်သီးနှံဖြစ် တဲ့ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီ ကြိတ်လုပ်ငန်းရှင်များက ဝယ်လိုအားမြင့်လာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကတက်ရိပ်ဘက်ဦးတည်နေတယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က နှမ်းဖြူတစ် ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၄၄ ကျပ်၊ နှမ်းနက်(စမုံ) တစ်ပိဿာ ၂၇၇၃ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၂၂၂ ကျပ်နှင့် နှမ်းကြားတစ်ပိဿာ ၁၇၇၈ ကျပ်ဈေးနှင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။