Main menu

Background

မကွေးဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်ပါးပြီး နှမ်းမျိုးစုံ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Wed, 08/29/2012 - 09:25 -- Anonymous (not verified)

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းလာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးက အကျဘက်မှာ  ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၅၀ ကျပ် (တစ်တန်ကို ၆၄၃၀၀၉ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိပေမယ့် ဈေးကွက် သို့ပစ္စည်း အဝင်လှိုင်နေ တာကြောင့် ဈေးကတက်မလာဘဲ ယခင်အပတ်ဈေးဖြစ် တဲ့ တစ်ပိဿာ ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လိ့ု သိရပါ တယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဒီတစ်ပတ် မှာ အဝယ် ပြန်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျ လာပြီး တစ် ပိဿာ ၁၁၆၀ ကျပ်(တစ်တန်ကို ၇၁၀၃၇၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုးစုံကို ဆီကြိတ်လုပ်ငန်းရှင်များနဲ့ မန္တလေးဝယ်လက်က ဝယ်လိုအားများလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၂၀၇၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၂၇၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၁၁၁ ကျပ်နှင့် နှမ်းညိုတစ်ပိဿာ ၁၈၉၀ ကျပ် ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။