စက်သုံးဆီတင်သွင်းမယ်ဆိုလျှင် ဇူလိုင် ၂၆ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ရမယ့် လုပ် ထုံးလုပ်နည်းများကို မြိတ် နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးကျော်ဒွန်းက စက်သုံးဆီ တင်သွင်းလိုတဲ့ ကုန် သည်လုပ်ငန်းရှင်များအနေနဲ့ နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန် သွယ်မှုစနစ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးရုံးတွင် ပင်လျှောက် ထားနိုင်တယ်၊ စခန်းမှရုံးချုပ်သို့ တင်ပြခွင့်ပြု ချက် တောင်းခံပြီး မြိတ်စခန်းမှ လိုင်စင်ထုတ်ပေးမယ်၊ လိုင်စင်အတွက်ကျသင့် တဲ့အခွန်အခများကို သက်ဆိုင်ရာမြိတ် စခန်းရှိ အကောက် ခွန်ဌာနမှာပဲ ပေးသွင်းရမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါ တယ်။ စက်သုံးဆီဈေးနှုန်းကို တစ်ဖက်နိုင်ငံ ပေါက်ဈေး အတိုင်း ဖြစ်ဖို့လိုအပ်တယ်လို့သိရပါတယ်။ စက်သုံးဆီ အရည် အသွေးစစ်ဆေးခြင်းနဲ့ ပတ်သက်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အရည်အသွေးအတိုင်း တင်သွင်းရန်နဲ့ အရည်အသွေး ကိုက်ညီမှုရှိ/မရှိကို စွမ်းအင် ဝန်ကြီးဌာနက စစ်ဆေးသွားမှာဖြစ်တယ်။ တနင်္သာရီ တိုင်းဒေသကြီး စက်သုံး ဆီ တင်သွင်းသူများအနေနဲ့ မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူး ရောင်းချမှု အသင်းဝင်ဖြစ်ရန်မလိုအပ်သော်လည်း တိုင်းဒေသ ကြီးစက်သုံးဆီတင်သွင်း ဖြန့်ဖြူးမှု ကော်မတီကြီးကြပ်မှုနဲ့ တင် သွင်းရမှာဖြစ်သလို LPG Gas တင်သွင်းလိုတဲ့ ကုမ္ပဏီများ အနေနဲ့ တင်သွင်းခွင့်ရရှိရေး စွမ်းအင်ဝန်ကြီးဌာနမှာ ထောက် ခံချက်လျှောက်ထားရန်လိုအပ်တယ်လို့ သတင်းရရှိပါတယ်။Source: နကသ၊ချမ်းမြေ့မောင်
Background