Main menu

Background

မန္တလေး-မူဆယ် ပို့ကုန်သယ်ယူစရိတ်များ ယခင်ကာလတူထက် လျော့ကျလျက်ရှိနေ

Wed, 08/29/2012 - 10:23 -- Anonymous (not verified)

သြဂုတ်လပထမပတ်နဲ့ ဇူလိုင်လပထမပတ်သယ်ယူပို့ဆောင်စရိတ်များကို နှိုင်းယှဉ်ကြည့်လျှင် ပို့ကုန်ပိုင်းမှာ ပြောင်း/ဆန် ၁ ပိသာ ၁၃ ကျပ်၊ ပဲတီစိမ်း ၁၂ ကျပ်၊ရော်ဘာ ၁၂ ကျပ်နဲ့ နှမ်း ကျပ်၂၀ အသီးသီးေ လျာ့ကျလျက်ရှိပါတယ်။ သွင်းကုန်ပိုင်းမှာတော့ မြေဆီ ၁ ပိသာ ၅ ကျပ်မှ ၁၀ ကျပ်နဲ့ ဖယောင်း ၁ ပိသာ ၉ ကျပ်ခန့်မြင့်တက်လျက်ရှိပါတယ်။

သြဂုတ် ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ မန္တလေး-မူဆယ်သယ်ယူ စရိတ်များ ပို့ကုန်ရော သွင်းကုန်အပေါ် သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလ ထက် အနည်းငယ်မြင့်တက်နေတာတွေ့ရပါတယ်။ ပြောင်းနဲ့ဆန် ၁ ပိသာသယ်ယူ စရိတ်အပေါ် ၅ ကျပ်၊ ပဲတီစိမ်းနဲ့ရော်ဘာ ၁ ပိသာသယ်ယူစရိတ် အပေါ် ၂ ကျပ်နဲ့ နှမ်း ၁ ပိသာသယ်ယူစရိတ်အပေါ် ၈ ကျပ်အသီးသီးမြင့်တက်လျက် ရှိပါတယ်။ သွင်းကုန်သယ်ယူ စရိတ် ကို နှိုင်းယှဉ်ကြည့်လျှင် မြေဆီ ၁ ပိသာကို ၂ ကျပ်မှ ၅ ကျပ်ထိမြင့်တက်နေပြီး ဖယောင်းသယ်ယူ စရိတ်တော့ ပြောင်း လဲမှု မရှိပါဘူး။ ဇူလိုင်လ ၄ ရက် ရက်သတ္တပတ်မှ သြဂုတ်လ ၈ ရက် ရက်သတ္တပတ်ထိ သယ်ယူပို့ဆောင်စရိတ်နှုန်းများ ကို ဖော်ပြပေးလိုက်ရပါတယ် -ပို့ကုန်               ၄-၁၀/၇    ၁၁-၁၇/၇    ၁၈-၂၄/၇    ၂၅-၃၁/၇    ၁-၇/၈    ၈-၁၄/၈ပြောင်း/ဆန်         ၇၈            ၇၈            ၇၅            ၇၅            ၆၅        ၇၀ပဲတီစိမ်း               ၈၀            ၈၀           ၇၈            ၇၈            ၆၈        ၇၀ရော်ဘာ               ၈၀            ၈၀           ၇၈            ၇၈            ၆၈        ၇၀နှမ်း                    ၉၀            ၉၀           ၈၁             ၈၁            ၇၀       ၇၈မြေဆီ               ၃၀-၃၅    ၃၀-၃၅          ၃၇-၄၀      ၃၈-၄၁     ၄၁-၄၅     ၄၃-၅၀ဖယောင်း              ၄၂         ၄၂             ၄၈             ၄၉            ၅၁        ၅၁MIRT (DOBT)