Main menu

Background

လက်ကျန်နည်းပြီး ဈေးမြင့်လာတဲ့ ဟင်္သာတပြောင်းဈေးကွက်

Wed, 08/29/2012 - 10:27 -- Anonymous (not verified)

ဟင်္သာတဈေးကွက်ရှိ ပြောင်းသီးနှံမှာ လက်ကျန်နည်းလာပြီး၊ ဈေးကတော့ ကောင်းနေဆဲဖြစ်ပါတယ်။ ဟင်္သာတမြို့နယ်အတွင်း ပြောင်းသီးနှံစိုက်ဧက ၁၃၈၃၁ စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကကို ပျမ်းမျှအထွက်တင်း ၇၆ နှုန်းနဲ့ တင်းပေါင်း ၁၀ သိန်း ကျော်ထွက်ရှိခဲ့ပါတယ်။ ယခုနှစ်တွင် ထွက်ရှိမှုအနေနဲ့ ယခင်နှစ်ထက်လျော့နည်း သွားပေမယ့် ယခင်နှစ်ထက် ဈေးမြင့်လာပါတယ်။ ပြောင်းသီးနှံစပေါ်ချိန် မတ်လ ကုန်မှာ ပြောင်းပိဿာ ၂၀ ဝင်တစ်တင်းဈေးမှာ  ၅၃၀၀ ကျပ်၊ ဧပြီလမှာ ၅၅၀၀ ကျပ်၊ မေလမှာ ၆၃၀၀ ကျပ်၊ ဇွန်လမှာ ၇၈၀၀ ကျပ်၊ ဇူလိုင်လမှာ ၉၃၀၀ ကျပ်၊ သြဂုတ်လဒုတိယပတ်မှာ ၁၀၂၀၀ ကျပ်နဲ့ တဖြည်းဖြည်းဈေးမြင့်လာပါတယ်။ ပြောင်း စီးထွက်မှုအနေ နဲ့ ဈေးကောင်းရနေပေမယ့် ပစ္စည်းလက်ကျန် နည်းပါး လာပြီဖြစ်တာကြောင့် ရန်ကုန်ဈေးကွက်ကို တစ်ပတ်အတွင်း တင်းပေါင်း ၈၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။အေးအေးခိုင်