Main menu

Background

တရုတ်နိုင်ငံက အရန်သိုလှောင်ထားတဲ့ ပြောင်းနဲ့ဆန်များ ထုတ်ရောင်းတော့မယ်

Wed, 08/29/2012 - 10:28 -- Anonymous (not verified)

အမေရိကမှာ နှစ် ၅၀ ကျော်အတွင်း အပြင်းထန်ဆုံး မိုးခေါင်တဲ့အတွက် ပြောင်းဈေးက စံချိန်တင် မြင့်တက်လျက်ရှိပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ် အတည်း စိုးရိမ်မှုတွေဖြစ်စေတာကြောင့် တရုတ်နိုင်ငံက ပြည်တွင်း ဈေးနှုန်း လျော့ကျဖို့နဲ့ တင်သွင်းမှုလျှော့ချဖို့ နိုင်ငံတော်အရန်သိုလှောင်မှုထဲက ဆန်နဲ့ ပြောင်းများ ထုတ်ရောင်းတော့မယ်လို့ သိရပါတယ်။ ယခုထုတ်ရောင်းမယ့် အစီအစဉ်ကြေညာမှုဟာ ယခင်နှစ် စက်တင်ဘာမှာ ပြောင်းတန်ချိန် ၃ ဒသမ ၇ သန်းရောင်းချမယ်လို့ပြောပြီး နောက်ပိုင်း ပထမအကြိမ် ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ကြောင့် လာမယ့်ကာလတိုအတွင်း တရုတ်တင်သွင်းသူ များဟာ ၎င်းင်းတို့ရဲ့သင်္ဘောတင်များ ဖျက်သိမ်းဖွယ်ရှိလာပြီး နိုင်ငံတကာပြောင်းဈေး ကိုလည်း ကျဆင်းစေဖို့ဖြစ်လာမယ်လို့ဆိုပါတယ်။ ကမ္ဘာမှာသီးနှံ ထိပ်တန်းတင်ပို့တဲ့ အမေရိကရဲ့သီးနှံအထွက်ခန့်မှန်းချက်ကို လျှော့ချလိုက်တဲ့အတွက် သြဂုတ်လ ၁၀ ရက်နေ့မှာ ပြောင်းဈေးနှုန်း စံချိန်သစ်ရောက်ရှိခဲ့ပါတယ်။ တရုတ်သီးနှံ ကွပ် ကဲမှု ဌာနမှ အစိုးရအရန်သီးနှံထဲမှ ပြောင်းနဲ့ဆန် ထုတ်ရောင်းမယ့် ပမာဏ အတိအကျကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။ သီးနှံအရန်ထားရှိရေးကော်ပိုရေးရှင်းမှ သီးနှံရောင်းချဖို့ တာဝန်ယူရ မှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ ပေးမယ်ဆိုတာကိုလည်း အသေးစိတ် မပြောသေး ဘူးလို့ သိရပါ တယ်။ အချို့ကုန်သည်တွေ ခန့်မှန်းတာတော့ ရောင်းချမှုနည်းတဲ့ ရိတ်သိမ်းချိန် မတိုင်မီကာလမှာ ဈေးနှုန်းတည်ငြိမ်စေဖို့ အစိုးရအနေနဲ့ တန်ချိန် ၂ သန်းဝန်းကျင် ရောင်းချလိမ့်မယ်လို့ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီနှစ်ကုန် မှာ ၎င်းင်းရဲ့အရန် သိုလှောင်မှုကို ဖြည့်တင်းဖို့လိုအပ်မှာ ဖြစ်ပြီး ယခုအရန် သို လောင်မှု ရောင်းချခြင်းက ဈေးနှုန်းအပေါ် သက်ရောက်မှု အကန့်အသတ်ရှိ မယ်လို့ဆိုပါတယ်။ ယခုလို သီးနှံထုတ်ရောင်းမှုက ဈေးကွက်တည်ငြိမ်မှုအတွက် အတိုင်းအတာ တစ်ခုအထိကူညီမှာဖြစ်ပေမဲ့ ထုတ်ရောင်းမယ့် ပမာဏက နိုင်ငံတစ်ဝန်းစားသုံးမှု တန်ချိန် ၁၀ သန်း-၁၅ သန်းနဲ့ယှဉ်ရင်တော့ အလွန်ပဲ နည်းတယ်လို့  Zheshong Future ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ  Xu Werjie   မှပြောကြားပါတယ်။ ဒေလီယံ ကုန်စည်ဒိုင်မှာ ပြည်တွင်းပြောင်းကြိုပွိုင့်ဈေးက ယခုနှစ်မှာ ၁၂ ရာခိုင်နှုန်း မြင့်တက်ပြီး၊ သြဂုတ် ၁၀ ရက်မှာယွမ် ၂၄၀၀ (ကန်ဒေါ်လာ ၃၈၀) ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၆ ရက်မှာရှိခဲ့တဲ့ ယွမ် ၂၄၂၉ (ကန်ဒေါ်လာ ၃၈၅) ထက်တော့ အနည်း ငယ်လျော့ကျခဲ့ပါတယ်။ ယခင်ကပြောင်းဖူလုံတဲ့ တရုတ်နိုင်ငံဟာ တိုးပွားတဲ့လူဦးရေရဲ့ဝင်ငွေမြင့်လာ ခြင်းနဲ့အသားပိုမို စားသုံးလာကြတဲ့အတွက် မကြာသေးခင်နှစ်များအတွင်း အဓိက ပြောင်းတင်သွင်းသူလည်းဖြစ်လာခဲ့ပါတယ်။ မွေးမြူရေး လုပ်ငန်းတွေ တိုးတက် လာခြင်းက တရုတ်နိုင်ငံကို ကမ္ဘာမှာဒုတိယပြောင်းအများဆုံး သုံးစွဲသူအဖြစ် တွန်းပို့ခဲ့ရာ ဈေးကျနေစဉ်အတွင်း ပြောင်းကိုအလေးထားဝယ်ယူမှုတွေ ပြုလုပ် လာခဲ့ပါတယ်။ သြဂုတ် ၁၀ ရက် USDA ရဲ့ အစီရင်ခံချက်အရ ယခုနှစ် တရုတ် နိုင်ငံရဲ့ ပြောင်းထွက်ရှိမှုက တန်ချိန်သန်း ၂၀၀ ကို ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့် ခန့်မှန်းထားပါတယ်။ ဒါကြောင့် ပြောင်းတင်သွင်းမှုဟာလည်း တန်ချိန် ၃ သန်းမှ ၂ သန်းကို လျှော့ချခန့်မှန်းထားပါတယ်။                    ယမင်းခင်၊Source: Reuters