Main menu

Background

အာရှ ရော်ဘာထုတ်လုပ်သူများမှ ဈေးနှုန်းအထောက်အပံ့ ပြုလုပ်တဲ့ အစီအစဉ်ပြင်ဆင်

Wed, 08/29/2012 - 10:31 -- Anonymous (not verified)

ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ် လုပ်သူလဲဖြစ်၊ အများဆုံး တင်ပို့သူလဲ ဖြစ်တဲ့ ထိုင်းနိုင်ငံက အခြားထိပ်တန်း ထုတ်လုပ်သူများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့နဲ့အတူ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ကျဆင်းနေတဲ့ ရော်ဘာ ဈေးနှုန်းကို အထောက်အပံ့ ပြုဖို့ အကြမ်းဖျင်း ဆောင်ရွက်ချက် များကို သြဂုတ် ၁၆ ရက်မှာ ပြင်ဆင် ဆောင်ရွက်တယ်လို့ ထိပ်တန်းအရာရှိ တစ်ဦးမှပြောပါတယ်။ ထိပ်တန်း ရော် ဘာ ထုတ်လုပ်သူ ၃ နိုင်ငံဟာ ယမန် နေ့က တွေ့ဆုံခဲ့ပြီး၊ ရော်ဘာဈေးနှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက်မှု အချို့ ထွက်ပေါ်လာပြီး၊ ယင်းဆောင်ရွက်ချက် တွေကို အရေးပေါ် အကောင်အထည် ဖော်သွားမယ်လို့ နိုင်ငံတကာရော်ဘာ အစည်းအရုံးမှ အတွင်းရေးမှူး  Yium  Tavarolity  မှ ပြောကြားပါတယ်။

လက်ငင်းရော်ဘာများ ၂၀၁၁ ဖေ ဖော်ဝါရီလမှာ တစ်ကီလို ကန်ဒေါ်လာ ၆ ဒသမ ၄၀ ထိ စံချိန်တင် မြင့်တက် ခဲ့ရာမှ တစ်ကီလို ကန်ဒေါ်လာ ၂ ဒသမ ၇၅ ထိထက်ဝက်ကျော် ကျဆင်း ပြီးတဲ့နောက်မှာ ယင်း ၃ နိုင်ငံမှ ရော် ဘာ စက်မှုလုပ်ငန်းအရာရှိများ၊ အစိုးရ များနဲ့အတူတကွ ဖွဲ့စည်းထားတဲ့  International  Tripartite  Rubber  Corporation(ITRC) ဟာ သြဂုတ်လ ၁၅ ရက်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင် နှုန်းကျော်ထုတ်လုပ်တဲ့ ယင်း ၃ နိုင်ငံ သာ ရော်ဘာပင်များ ခုတ်ခြင်းနဲ့ ပြည်ပ တင်ပို့မှုကန့်သတ်ခြင်းများ ရှိပါက ရောင်း ချမှုနည်းပြီး ဈေးမြင့်တက်လာမှာဖြစ် တယ်လို့ ယင်း အစည်းအဝေးတက် ရောက်တဲ့ အရာရှိများက ဆိုပါတယ်။ ဒါပေမယ့်လည်း အလားတူမူဝါဒ များကို ယခင်ကလည်း ကြိုးစားခဲ့ပေ မယ့် အစိုးရက တွန်းအားပေးဆောင် ရွက်ဖို့ အထူးသဖြင့် ပြည်ပတင်ပို့မှု ကန့် သတ်ခြင်းများလုပ်ဖို့တော့ ခက်ခဲတယ် လို့ ဆိုပါတယ်။ ကမ္ဘာ့ ငွေကြေး အကျပ် အတည်းဖြစ်ပွားခဲ့တဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်း RSS 3  ရော်ဘာ များဟာ ၇ နှစ်အတွင်း အနိမ့် ဆုံးဈေး ဖြစ်တဲ့ တစ်ကီလို ကန်ဒေါ်လာ ၁ ဒသမ ၁၀ ကို ကျဆင်းခဲ့စဉ်က ယင်း ၃ နိုင်ငံက ၂၀၀၉ မှာ စုစုပေါင်း ရော်ဘာ တန်ချိန် ၉၁၅၀၀၀ နဲ့ ပြည်ပ တင်ပို့မှုကို လျှော့ချဖို့ သဘောတူညီ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတစ်နိုင်ငံစီမှာ ရော်ဘာပမာဏ ဘယ်လောက် ထိန်း သိမ်းထားသလဲဆိုတာ မသိသာခဲ့ဘူး။ကမ္ဘာ့ရော်ဘာ အများဆုံးသုံးတဲ့ တရုတ် နိုင်ငံက ဝယ်လိုအားပြန်ကောင်းလာ သလို ဈေးပြန်ကောင်းလာတဲ့ ၂၀၀၉ နှစ်လယ်မှာ ချမှတ်ထားတဲ့ မူဝါဒတွေ ဆက်မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာ လုပ်ဆောင်မှုများအပြင် ထိုင်းနိုင်ငံကလည်း ပြည်တွင်းမှာ ဈေး မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ထိုင်း ရော်ဘာ တောင်သူများရဲ့ မှိုင်းမခံရ သေးတဲ့ ရော်ဘာပြား တစ်ကီလို ဘတ် ၁၀၀ (ကန်ဒေါ်လာ ၃ ဒသမ ၁၇) အောက်ကိုကျဆင်းတာကြောင့် တောင် သူတွေကို ဆန္ဒပြတဲ့အချိန် ဇန်နဝါရီ လနှောင်းပိုင်းကစပြီး အစိုးရက ကြား ဖြတ် ဆောင်ရွက်ဖို့အတွက် ကန်ဒေါ် လာ ၄၇၅ သန်းကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် မေလတိုင်အောင် အဲဒီအစီ အစဉ်ကို အမှန်တကယ် အကောင် အထည်ဖော်ခြင်းမရှိတဲ့အတွက် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ သြဂုတ် ၁၆ ရက် RSS 3 ရော် ဘာများမှာ တစ်ကီလို ဘတ် ၈၁ (ကန် ဒေါ်လာ ၂ ဒသမ ၅၇) ကို ကျဆင်းခဲ့ ပါတယ်။        ယမင်းခင်၊Reuters