အီးယူဒေသကြွေးမြီ အကျပ်အတည်းကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိသေးခြင်း ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ကမ္ဘာ့ရော်ဘာဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတွေက သုံးနှစ် နီးပါးအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိလာတယ်။
သြဂုတ် ၁၃ ရက်က တိုကျို ကုန်စည်ရောင်းဝယ်ရေးမှာ ရောင်းရ အသွက်ဆုံး ဇန်နဝါရီလ အရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၂၁၃ ဒသမ ၉ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၂၇၄၂ ဝန်းကျင်) ဖြစ်ခဲ့ရာ ၂၀၀၉ ခုနှစ်အောက်တိုဘာလ နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်လာတယ်။ ရေနံစိမ်းဈေးမြင့်မားသော်လည်း ရော်ဘာ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဝယ်ယူသူတွေ ကလည်း ဝယ်ယူခြင်းမရှိဘဲ ရော်ဘာဈေး ဆက်လက်ကျဆင်းမလား ဆိုတာကို သာ စောင့်ကြည့် နေကြတယ်။ ဝယ်လိုအားမရှိတာကြောင့် ထိုင်းနဲ့ မလေးရှား ရော်ဘာဈေးနှုန်းတွေလည်း ကျဆင်းလာတယ်။ သြဂုတ် ၈ ရက်က တစ်တန်ကို ၂၈၉၃ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ထိုင်းမှိုင်းခံ ရော်ဘာ အဆင့် ၅ (Rubber Smoked Sheet - RSS 5) က သြဂုတ် ၁၄ ရက်မှာ ၂၇၆၃ ဒေါ်လာအထိ ၁၃၀ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။ ၎င်းကာလ အတွင်း မလေးရှားရော်ဘာ SMR – 20 (Standard Malaysia Rubber) ကလည်း ၂၇၄၈ ဒသမ ၅၀ ဒေါ်လာမှ ၂၄၆၂ ဒေါ်လာအထိ ၂၈၆ ဒသမ ၅၀ ဒေါ်လာဈေးကျလာတယ်။ ရော်ဘာဈေးနှုန်းတွေကျဆင်းကာ ရော်ဘာစိုက်ပျိုးသူတွေ နစ်နာဆုံးရှုံးမှုများရှိနေကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းမှ ရော်ဘာ စိုက်ပျိုးသူတွေအနေနဲ့ ကန်ဒေါ်လာ တစ်ဘီလီယံ ဆုံးရှုံးနစ်နာ လျက်ရှိကြောင်း သိရတယ်။ှSource:bangkokpost.com, brecorder.com, rubberboard.org.in, ပပ