Main menu

Background

တံတားဦးဟိုတယ်ဇုန် စီမံကိန်းကို မြေဧက ၅၅၀၀ ခန့်ပေါ်မှာ ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်

Wed, 08/29/2012 - 10:34 -- Anonymous (not verified)

တံတားဦးဟိုတယ်ဇုန်  စီမံကိန်းကို မြေဧက ၅၅၀၀ ခန့်ပေါ်မှာ ယခုနှစ် အတွင်း တည်ဆောက်မှာဖြစ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး  အလုပ်ရုံဆွေးနွေးပွဲမှာ မန္တလေးဟိုတယ်ဇုန်ဥက္ကဋ္ဌ  ဦးမြင့် အောင်က ပြောပါတယ်။

တံတားဦးဟိုတယ်ဇုန် စီမံကိန်းဟာ မန္တလေးမြို့တွင်းမှ ၁၄ ဒသမ ၂၇ မိုင်၊ စစ်ကိုင်းမြို့မှ ၅ ဒသမ ၄၆ မိုင်ကွာ ဝေးပြီး၊ အမရပူရမြို့ရဲ့  အနောက် တောင်ဘက် ၆ မိုင်ခန့်အကွာအဝေးမှာ တည်ရှိပြီး၊ တံတားဦးမြို့နဲ့ ဆက်စပ် တည်ရှိကြောင်း၊ တံတားဦးအပြည်ပြည် ဆိုင်ရာလေဆိပ်နဲ့ ၈ ဒသမ ၆၂ မိုင် ကွာဝေးကြောင်း သိရပါတယ်။တံတားဦးဟိုတယ်ဇုန်  စီမံကိန်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ဒါမှ မဟုတ် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုချိန်ကစပြီး၊  စီမံကိန်းကို အဆင့် ၃ ဆင့်နဲ့ အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဟိုတယ်ဇုန်စီမံကိန်းမှာ နိုင်ငံတကာအဆင့်မီ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟိုတယ်များ ဖော်ထုတ် ခြင်း၊ အဆင့်မြင့်ရုံးခန်းများ  တည် ဆောက်ခြင်း၊ အဆင့်မြင့် ကုန်တိုက်များ (Shoppingmalls)  နဲ့ စားသောက် ဆိုင်များ ထည့်သွင်းဆောက်လုပ်ခြင်း၊ ရေရှည်နေထိုင်တည်းခိုလိုတဲ့ ဧည့်သည် များအတွက် (Service- Apartment)  များ တည်ဆောက်ခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာပစ္စည်းများအား တစ်စုတစ်ဝေးတည်း လေ့လာဝယ်ယူ နိုင်မယ့် အမှတ်တရပစ္စည်းထုတ်လုပ်တဲ့ ရွာ တည်ထောင်ခြင်း(Handicrafts  Village) ၊ နိုင်ငံတကာအဆင့်မီ ဂေါက် ကွင်း၊ အိမ်ရာနဲ့ အပန်းဖြေစခန်း တည် ဆောက်ခြင်း၊ ဟိုတယ်ဇုန်မှာ တာဝန် ထမ်းဆောင်မယ့် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်း၊ ရုပ်ရှင်ရုံများ၊ ယဉ်ကျေးမှု ပဒေသာ ကပွဲများ၊ ရုပ်သေးပွဲများ၊ တေးဂီတ ဖျော်ဖြေပွဲများ ကျင်းပနိုင်မယ့်ဖျော်ဖြေ ရေးဝန်ဆောင်မှုဇုန်  ဖော်ထုတ်ခြင်း၊ ခရီးသွားဧည့်သည်များကို ကျန်းမာရေး ဝန်ဆောင်မှုပေးမယ့်  နိုင်ငံတကာ အဆင့်မီဆေးရုံ  တည်ဆောက်ခြင်း၊ ဧရာဝတီမြစ်ကြောင်း   တစ်လျှောက် အပျော်စီးသင်္ဘောများ  ရပ်နားဆိုက် ကပ်နိုင်မယ့်ဆိပ်ခံတံတားတည်ဆောက် ခြင်း၊ ခရီးသွားဧည့်သည်များ ဈေးနှုန်း သက်သာစွာ တည်းခိုနိုင်မယ့် တည်းခို ခန်းများနဲ့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းတို့ကို  အကောင် အထည်ဖော် ဆောင်ရွက်မယ်လို့ သိရ ပါတယ်။ဇူးဇူး