အတွဲဆိုလို့ တစ်မျိုးတော့ မထင်စေချင်ဘူး။ ၂၂ ဘီးနောက် တွဲပါယာဉ်များကိုပြောတာပါ။ အာဆီယံစံချိန်စံညွှန်း ကတ္တား တန် ချိန်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး နောက်ပိုင်းကာလတွေမှာ ၂၂ ဘီး နောက်တွဲယာဉ်တွေဟာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လာခဲ့ပါတယ်။ အာဆီယံစံချိန်စံညွှန်းအရ မော်တော်ယာဉ်များအား တန်ချိန် သတ်မှတ်ထားရာမှာ -
ဝင်ရိုး ကုန်+ယာဉ် (တန်) ၂ ချောင်းပါ ၆ ဘီးကား ၁၆ ၃ ချောင်းပါ ၁၀ ဘီးကား ၂၁ ၄ ချောင်းပါ ၁၂ ဘီးကား ၂၅ ၄ ချောင်းပါ ၁၄ ဘီးနောက်တွဲယာဉ်ပါ ၃၈ ၅ ချောင်းပါ ၁၈ ဘီးနောက်တွဲယာဉ်ပါ ၄၆ ၆ ချောင်းပါ ၂၂ ဘီးနောက်တွဲယာဉ်ပါ ၅၀ သတ်မှတ်ထားပြီး ကတ္တားကွာဟမှုအတွက် အစွန်းထွက် သုည ဒသမ ၅ တန်ပေးထားကြောင်း သိရပါတယ်။ ၁၂ ဘီးကားတွေကို ယာဉ် + ကုန် ၂၅ တန် သတ်မှတ်ထားရာ ယာဉ်သီးသန့်အလေးချိန်ဟာ ၁၂ တန်မှ ၁၄ တန်အထိရှိတဲ့အတွက် ကုန်ချိန် ၁၁ တန်မှ ၁၃ တန်ထိသာတင်ဆောင်နိုင်ပြီး ကားအနည်း ငယ်ကသာ အများဆုံး ၁၄ တန်တင်ဆောင်နိုင်ပါတယ်။ ၂၂ ဘီးနောက်တွဲယာဉ်တွေကတော့ ယာဉ် + ကုန် ၅၀ တန် သတ်မှတ်ထားရာ ယာဉ်သီးသန့်က ၁၈ တန်မှ တန် ၂၀ ကြားရှိတဲ့ အတွက် ကုန်ချိန် ၃၂ တန်မှ ၃၅ တန်ထိ တင်ဆောင်နိုင်ပါတယ်။၁၂ ဘီးကားတွေဟာ မန္တလေး-မူဆယ်အသွားအပြန် ဒီဇယ်ဆီ ၂ ပေပါဝန်းကျင် သုံးစွဲရပြီး ၂၂ ဘီး နောက်တွဲယာဉ်များကတော့ ဒီဇယ်ဆီ ၃ ပေပါနဲ့ ၁၀ ဂါလန်ဝန်းကျင်သုံးစွဲရကြောင်း သိရပါတယ်။ ၁၂ ဘီးကားနဲ့နှိုင်းယှဉ်လျှင် ဒီဇယ်ဆီ ၁ ပေပါနဲ့ ၁၀ ဂါလန် ဝန်းကျင် ပိုကုန်တယ်ဆိုပေမယ့် ကုန်ပစ္စည်းသယ်ဆောင်နိုင်မှုက ၂ ခေါက် ၁ ခေါက် နှစ်ဆမကဖြစ်နေပြီး အချိန်ကုန်သက်သာခြင်း၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအတွက် စရိတ်စကသက် သာခြင်း စတဲ့အားသာချက်တွေ ရှိနေပါတယ်။ ၂၂ ဘီးကားကုန်ပစ္စည်း သယ်ယူခနှုန်းထားဟာ ၁၂ ဘီးကား တွေအောက် ၁ ပိသာကို ၃ ကျပ်မှ ၅ ကျပ်ထိ လျှော့ယူတဲ့အတွက် ၁၂ ဘီးကားတွေဟာ လောလောဆယ်မှာ တွက်ခြေမကိုက်ကြောင်းနဲ့ သယ်ယူရန် ကုန်ပစ္စည်းရှားပါး၍ စောင့်ဆိုင်းချိန်ပိုလာကြောင်း ယာဉ် မောင်းတစ်ဦးထံမှ သိရပါတယ်။ မန္တလေး-မူဆယ်လမ်းတွင် ကတ္တားဂိတ် ၁၁ ခုရှိပြီး လမ်းတစ် လျှောက်တွင် ၂၂ ဘီးနောက်တွဲယာဉ် အနည်းငယ်များပြားလာတဲ့ အတွက် ကတ္တားတိုင်းမှာ ချိန်တွယ်ဖို့စောင့်ဆိုင်းချိန် ကြာမြင့်လာ တဲ့အပြင် အခြားခရီးသည်တင ်ယာဉ်ငယ်လေးများကလည်း လမ်း ကြောင်းရှိ လမ်းကွေ့တွေမှာ အလွယ်တကူ ကားကျော်တက်မောင်း နှင်၍ မရတာကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်လာကြောင်းနဲ့ လမ်းများချဲ့ထွင်ပြုပြင် သင့်ကြောင်း ၎င်း က ပြောပါတယ်။ ကုန်သွယ် ရေးနဲ့မသက်ဆိုင်တဲ့ ပြည်တွင်းသွားလာမှုများ မှာလည်း ကတ္တားဂိတ် နဲ့မကင်းနိုင်သူအချို့ ၂၂ ဘီးကားများကို ဝယ်ယူသုံးစွဲနေကြပြီဖြစ်ပါ တယ်။ ၎င်းင်းမှဆက်၍ တရုတ်နိုင်ငံမှတင်သွင်းတဲ့ ၂၂ ဘီးနောက်တွဲ ယာဉ်တွေဟာ ရှေ့ခေါင်းနဲ့နောက်တွဲယာဉ် ဆက်ထားတဲ့ဆုံလည်မှာ အနည်းငယ် အားနည်းချက်ရှိကြောင်း၊ ဆုံလည်တွင် ရှေ့/နောက်၊ ဘယ်/ညာ၊ အပေါ် အောက် ပတ်လည်လှုပ်ရှားမှုမှာ အားနည်း ချက်ရှိကြောင်း ပြောပါတယ်။မူဆယ်နယ်စပ်ကုန်သွယ်ရေး ဇုန်မှ ၂၂ ဘီးကားတင်သွင်းမှုမှာ ၂၀၁၂ ဇန်ဝါရီလမှ သြဂုတ် ၁၂ ရက်ထိ ၉၁၃ စီး ရှိသွားပြီဖြစ်ပါ တယ်။ တရုတ်နိုင်ငံမှတင်သွင်းတဲ့ ၂၂ ဘီးနောက်တွဲပါယာဉ်များကို ၂ နှစ် အာမခံချက်ပေးကြောင်း သိရပြီး လိုင်စင်ဈေးနှုန်းများမှာ ၂၂ ဘီး နောက်တွဲယာဉ်အပါအဝင် (Prime Mover Head With Trailer) အမေရိကန် ဒေါ်လာ ၆၁၅၀၀ မှ ၆၂၀၀၀ ကြား၊ နောက်တွဲယာဉ် မပါခေါင်းသီးသန့် (Prime Mover Head Only) အမေရိကန် ဒေါ်လာ ၄၁၀၀၀ မှ ၄၂၀၀၀ ကြား၊ နောက်တွဲသီးသန့် Flat Bed Trailer (40 feet) အမေရိကန်ဒေါ်လာ ၁၇၀၀၀ မှ ၁၉၀၀၀ ကြားရှိပါတယ်။ ပြည်တွင်း ရောက်ပြင်ပပေါက်ဈေးမှာ ၂၂ ဘီးနောက် တွဲယာဉ်ပါ ယခင်သိန်း ၆၀၀ ဝန်းကျင်ရှိရာမှာ ယခုအခါ သိန်း ၇၀၀ နီးပါးထိ မြင့်တက်လာ ကြောင်း သိရပါတယ်။ လောလောဆယ်မှာ ၁၂ ဘီးကား ပိုင်ရှင်တွေဟာ ၂၂ ဘီး နောက်တွဲပါယာဉ်တွေနဲ့ ပြောင်းလဲသုံးစွဲဖို့ရာ မရဲသေးတာကတစ် ကြောင်း၊ ကျပ်သိန်း ၆၀၀ ကျော် ၇၀၀ နီးပါး ဈေးရှိတာကလည်း တစ်ကြောင်း၊ နောက်ထပ် အပြောင်းအလဲလေး ထပ်ဖြစ်ဦးမလား ရယ်လို့ စဉ်းစားရင်းနဲ့ ၁၂ ဘီးကားပိုင်ရှင်တွေကတော့ အတွဲလေးတွေ ကို အားကျနေတယ်လို့ သိရပါတယ်ဗျာ။အောင်ဇော်မင်း (နကသ-မူဆယ်)