Main menu

Background

ရိဒ်နယ်စပ်မှာ ကုန်သွယ်မှုကဏ္ဍနဲ့ စားသုံးသူ အကာအကွယ်ပေးရေး ပထမအဆင့်ဆွေးနွေးပွဲကျင်းပ

Fri, 08/31/2012 - 02:43 -- Anonymous (not verified)

နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုကဏ္ဍနဲ့ စားသုံးသူအကာအကွယ် ပေးရေး တိုင်းဒေသကြီးများ၊ ပြည်နယ်များနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာဆွေးနွေးပွဲများ ပြုလုပ်သွား ရန်နဲ့ ဆွေးနွေးပွဲေ ဖာ်ထုတ်ချက်ရလဒ်များကို အမျိုးသားအဆင့်ဆွေးနွေးပွဲသို့ တင်ပြဆွေးနွေးနိုင်တဲ့ အထိ ဆောင်ရွက်သွားရန် ယခုကဲ့သို့ ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်တယ်လို့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ လက်ထော က်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

စားသုံးသူအကာအကွယ်ပေးရေးကဏ္ဍနဲ့ စပ်လျဉ်းပြီး စားသုံးသူအကာအကွယ်ပေးရေးနဲ့ အခြေခံ သဘောတရား၊ စားသုံးသူများအတွက်အခွင့်အရေး၊ အခွင့်အလမ်းနဲ့တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခွင့်အလမ်းနဲ့ တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကန့်သတ်တားမြစ်ချက်များ ရှိကြောင်း၊ နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆွေးနွေးပေးရန်လည်း တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဒုတိယဦးစီးမှူး ဦးဗန်ရိုထန်းက သီးနှံရောဂါပြန့်ပွားမှု ထိန်းချုပ်ကာ ကွယ်သည့်ဥပဒေ၊ ပိုးမွှားသန့်စင်ခြင်း၊ ပိုးသတ်ခြင်းလုပ်ငန်း စစ်ဆေးခြင်းနဲ့ ကင်းရှင်းကြောင်းလက်မှတ် ထုတ်ပေးမှုအခြေအနေများနဲ့ အရည်အသွေးစစ်ဆေးမှုအား ကျွမ်းကျင်ပညာရှင်များ လာရောက်စစ် ဆေးနိုင်ရေးအတွက် အထက်ဌာနကို ဆက်လက်တင်ပြစီစဉ်ပေးသွားမယ်လို့ ဆွေးနွေးခဲ့သလို ရိဒ်မြို့နယ်ခွဲ ဆေးရုံမှ ဆရာဝန် ဒေါက်တာနန်ဆပ်ထပ်က လက်ရှိရိဒ်ဒေသအနေနဲ့ ဓာတ်မြေသြဇာနဲ့ လူသားဆံပင်တင် သွင်းမှုသာရှိနေတဲ့ အတွက်  စားသောက်ကုန်နဲ့ အခြားစစ်ဆေးပေးရန် လိုအပ်တဲ့ပစ္စည်းများ တင်သွင်းလာ ပါက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဆွေးနွေး ခဲ့တယ်လို့ သတင်းရရှိပါတယ်။ရိဒ်ခေါဒါရ်မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပါကီးမှ မိမိတို့နေရာဟာ ပြည်မနဲ့ များစွာအလှမ်းဝေးကွာနေပြီး အခြေခံစားသောက်ကုန်များအတွက် တစ်ဖက်နိုင်ငံကို အားကိုးနေရတာ ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စားသုံးသူ အကာအကွယ်ပေးရေးကဏ္ဍနဲ့  ပတ်သက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုလျင် များစွာအကျိုးရှိမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး အပိုင်းမှာလည်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးနိုင်လျင် နိုင်ငံတော်အတွက် ဝင်ငွေများစွာရရှိနိုင်မယ် လို့ ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ဆွေးနွေးပွဲမှ ကုန်သွယ်မှုလုပ်ငန်းအသုံးပြုနေတဲ့လမ်းကြောင်းများ အဆင့်မီပြုပြင်ပေးနိုင်ရေး၊ FDA ရုံးခွဲ ရိဒ်နယ်စပ်စခန်းတွင်ထားရှိရေး၊ တစ်ဖက်နိုင်ငံနဲ့ချိတ်ဆက်ပြီး ဈေးကွက်တိုးမြှင့်ရှာဖွေနိုင်ရေးနဲ့ တရားမဝင် ကုန်စည်ကူးသန်းခြင်းအားတားဆီးရန် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းပေးနိုင်ရေးဆွေးနွေး ဆောင်ရွက်ခဲ့ ကြတယ်လို့ သတင်းရရှိပါတယ်။                                            Source: နကသ(ရိဒ်) CMK