Main menu

Background

ပြည်ပသွားမဲ့ ကိုကျွဲကော

Fri, 08/31/2012 - 02:47 -- Anonymous (not verified)

မြန်မာ့မြေမှထွက်သော ထွက်ကုန် ပစ္စည်း များ ပြည်ပနိုင်ငံများသို့ ရေကြောင်း၊ လေကြောင်း၊ ကုန်းလမ်းတို့မှတစ်ဆင့် သွားရောက်နေကြသည့် အထဲမှာ ကျွန်တော်တို့မျိုးနွယ် သစ်သီးများလည်း ပါပါတယ်။ ယခု ကျွန်တော် ကိုကျွဲကောလည်း စင်ကာပူနိုင်ငံသို့ သွားရတော့မယ်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းမှာ ကျွဲကော သီး ၁၅ တန်ကို စင်ကာပူနိုင်ငံသို့ တင်ပို့ရန် အတွက် လိုင်စင် လာရောက်လျှောက်ထားထုတ် ယူခဲ့ပြီးဖြစ်ကြောင်း သိရတယ်။ကျွန်တော့်ကို ဝယ်မယ်ဆိုရင်တော့ အညှာ ရင်းတွင်းချိုင့်ကို ကြည့်ပြီးမှဝယ်ပါ။ တွန့်ရှုံနေမယ် ဆိုရင် အချိန်မတိုင်မီ ခူးထားတဲ့အတွက် အမှည့် လိုနေလို့ အရသာမကောင်းလှပါဘူး။ ပြီးတော့ ကျွဲ ကောသီးကို လက်ထဲမကြည့်လိုက်လို့ လေးပင်စီးပိုး နေရင်တော့ အရည်ရွှမ်းပါတယ်။ မကြည့်လို့ ပေါ့ နေရင်တော့ အရသာမရှိသလို အမြွှာလည်း နည်း တတ်ပါတယ်။နိုင်ငံတော်အတွက် နှစ်စဉ်နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရန်   ပြည်ပ မရောက်ဘူးသေးတဲ့ အလားအလာရှိသော သစ်သီးများတင်ပို့နိုင်ရေး ကျွန်တော် ကိုကျွဲကောမှတိုက်တွန်းလိုက်ပါတယ်။ ခင်စန်းဝင်း (DOT)