Main menu

Background

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပိုးသတ်ဆေး သုံးစွဲခြင်းနဲ့ အန္တရာယ်များ ပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

Fri, 08/31/2012 - 02:48 -- Anonymous (not verified)

ရှမ်းပြည်နယ်ဟာ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ပြီး၊ ဈေးကွက်ရှိရာဒေသများကို တင်ပို့ ရောင်းချ လျက်ရှိရာ အဓိကအားဖြင့် ဂေါ်ဖီထုပ်၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက် သွန်ဖြူ၊ ချင်း၊ နနွင်း၊ သရက်သီး၊ လိမ္မော်သီးစတဲ့ သီးနှံများစိုက်ပျိုး ထုတ်လုပ်လျက်ရှိပါတယ်။ တောင်သူများအနေနဲ့ စိုက်ပျိုးထုတ်လုပ် ရာမှာ ပိုးသတ်ဆေးများ ထည့်သွင်းသုံးစွဲကြသော်လည်း ပိုးသတ်ဆေး ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သိရှိမှုနည်းပါးလျက်ရှိ ပါတယ်။

သို့ဖြစ်၍ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFFVPEA) နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ရဲ့ စီစဉ်ဆောင် ရွက်ချက်နဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ နည်း ပညာပေးရေးဌာနခွဲ-၃ တို့နဲ့အတူ ကွင်းဆင်းပညာပေး ဆောင် ရွက်ခဲ့ပါတယ်။သြဂုတ် ၇ ရက်က တောင်ကြီးမြို့ ပါမိုးနဲကျေးရွာ၊ သြဂုတ်လ ၈ ရက်က ဟဲဟိုးမြို့၊ သြဂုတ် ၉ ရက်က ပင်းတယမြို့ (ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ)၊ သြဂုတ် ၁၀ ရက်က ရွာငံမြို့ (ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ)၊ သြဂုတ် ၁၁ ရက်က နောင်တရားမြို့ (ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ)၊ သြဂုတ် ၁၂ ရက်က အောင်ပန်းမြို့တို့မှာ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လေ့လာမှုများမှာ တောင်ကြီးမြို့မှာ ၂၀၀ ဦး၊ ဟဲဟိုးမြို့မှာ ၁၀၄ ဦး၊ ပင်းတယမြို့မှာ ၂၁၆ ဦး၊ ရွာငံမြို့မှာ ၅၆ ဦး၊ နောင်တရားမြို့မှာ ၁၁၂ ဦး၊ အောင်ပန်းမြို့မှာ ၇၄ ဦးရှိ ခဲ့ကြောင်း သိရပါတယ်။ ပညာပေး ဆွေးနွေးချက်များမှာ (MFFVPEA) မှ ဒေါက်တာ ဒေါ်သန်းသန်းစိန်က ပိုးသတ်ဆေးကိုင်တွယ် သုံးစွဲနည်းများနဲ့ ဘက်စုံ သီးနှံကာကွယ်ရေးစနစ်များ၊ လယ်ယာထွက်ကုန်နည်းပညာပေးရေး ဌာနခွဲ- ၁ မှ ဌာနစုမှူး ဒေါ်ဖြူဖြူဝင်းက အစားအစာ လုံခြုံစိတ်ချစေ နိုင်မှုနဲ့ ဓာတုပိုးသတ်ဆေး ဓာတ်ကြွင်းများအကြောင်း ဓာတ်ခွဲခန်းမှူး  ဦးတိုးဦးက သီးနှံများသိုလှောင်ခြင်းနဲ့ မှိုဆိပ်များအကြောင်းကို ရှင်း လင်းဆွေးနွေးခဲ့ပါတယ်။ဟဲဟိုးမြို့မှာကျင်းပပြုလုပ်တဲ့ ပညာပေးဆွေးနွေးပွဲကို မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်လွင်၊ ပြည်နယ် မန်နေဂျာ ဦးအောင်မောင်းတို့တက်ရောက်ပြီး၊ တောင်သူများနဲ့ ဈေး ကွက်ဈေးနှုန်းအခြေအနေများ ဆွေးနွေးခဲ့ပြီး၊ ပင်းတယ မြို့နယ် ပွေးလှကျေးရွာမှာလည်း ဂေါ်ဖီထုပ်စိုက်ပျိုးထုတ်လုပ်သူ တောင်သူ များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။အောင်ကျော်