Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Fri, 08/31/2012 - 03:02 -- Anonymous (not verified)

ဆိုးလ် Galaxy Note 10.1 ကို စတင် ဖြန့်ချိလိုက်ပြီဖြစ်ကြောင်းစမတ်ဖုန်း ထုတ်လုပ်ရာတွင် ထိပ်ဆုံးနေရာ ကို ရောက်ရှိနေတဲ့ ဆမ်ဆောင်းအီလက် ထရွန်းနစ်ကုမ္ပဏီက ပြောပါတယ်။ ယခုမော်ဒယ်က ၅ ဒသမ ၃ လက်မ Galaxy Note ကို ပြုပြင်ထားတာ ဖြစ်ပါတယ်။ မိုဒယ်နှစ်ခုစလုံးမှာ S pen  ပါရှိပြီး စမတ်ဖုန်းစကရင်ပေါ် မှာ စာရွက်လို စာရေးလို့ရပါတယ်။Sources: yonhap news
ဟိုချီမင်းစီတီ ဗီယက်နမ် အထည်ချုပ်လုပ်ငန်း မှာ ပို့ကုန်နဲ့ အမှာစာကျဆင်းတဲ့အ တွက် ဗီယက်နမ်ဒေါ်လာ ၁၉ ဘီ လီယံရှိမယ်လို့ ခန့်မှန်းထားရာမှ ယခု အခါ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီ ယံသာရှိမယ်လို့ ခန့်မှန်းထားပါတယ်။    ကမ္ဘာ့စီးပွားရေးကျဆင်းတာနဲ့အဝတ် အထည်သုံးစွဲမှု ကျဆင်းလာတာက ယခုလို ဖြစ်နေတဲ့ အဓိကအကြောင်း ရင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် တွေက ပြောပါတယ်။ Sources: vns
ဘန်ကောက် ဝန်ကြီးချုပ်ရုံးမှ အတည်ပြုပြီး ပါကခရီးသွားလုပ်ငန်း Master Plan   ကို အားသွန်ပြီး အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစား ဝန်ကြီးဌာနက ပြောပါတယ်။ Master Plan   ကို အတည်ပြုပြီးပါက စီမံ ကိန်း၏ ၂၀ ရာခိုင်နှုန်းကို အကောင် အထည်ဖော်ဖို့ အသင့်ရှိနေပြီ ဖြစ်ပါ တယ်။Sources: bangkokpost.com
ဆိုးလ် တောင်ကိုရီးယားနဲ့သြစတြေး လျနိုင်ငံတို့က ဆောင်ရွက်နေဆဲ ဖြစ် တဲ့ နှစ်နိုင်ငံ အပြန်အလှန်ကုန် သွယ်ရေး စာချုပ်များစေ့စပ်ညှိနှိုင်းမှု ကိုအမြန်ဆုံးအကောင်အထည် ဖော် ဖို့ သဘောတူခဲ့ ကြောင်းတောင်ကိုရီး ယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်က ပြောပါတယ်။ သြစတြေးလျနိုင်ငံသို့ နှစ်ရက်ကြာ ခရီးသွားလျက်ရှိတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်ဆမ်ဟွမ် နဲ့ သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး တို့သဘောတူညီမှုရထားခဲ့တာဖြစ် ကြောင်းဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။Sources: yonhap News