Main menu

Background

ခြိုးခြံချွေတာရေးစီမံကိန်းတိုးချဲ့ဖို့ ဂရိနိုင်ငံက တောင်းဆို

Fri, 08/31/2012 - 03:04 -- Anonymous (not verified)

လာမဲ့ ရက်သတ္တပတ်ထဲမှာ အိန်ဂျ လာမာကယ်နဲ့ ဖရန်ဆွာဟောလန်တို့နဲ့ တွေ့တဲ့အခါ ဂရိနိုင်ငံရဲ့ ခြိုးခြံချွေတာ ရေး အစီအစဉ်ကို တိုးချဲ့ပေးဖို့ ဂရိ ဝန်ကြီးချုပ် အန်တိုနစ်ဆမာရပ်က တောင်းဆိုမှာဖြစ်ကြောင်း ဖိုင်နန်ရှယ် တိုင်းသတင်းစာမှာ သြဂုတ် ၁၅ ရက်က ဖော်ပြထားပါတယ်။ ဆမာရပ်က ဂျာ မန်ဝန်ကြီးချုပ် နဲ့ ပြင်သစ်သမ္မတတို့နဲ့ ဘာလင်မှာတွေ့ဆုံပြီး ပြည်သူ့သုံးစွဲမှု တွေလျှော့ချတဲ့ အစီအစဉ်ကို နှစ်နှစ် အစား လေးနှစ်အထိ တိုးချဲ့ပေးဖို့ အကြံပြုမှာ ဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ချုပ် ဆိုထားတဲ့ သဘောတူစာချုပ်အရ ၂၀၁၃ ခုနှစ်နဲ့၂၀၁၄ ခုနှစ်မှာ အကောင် အထည်ဖော်ရမဲ့ ဘတ်ဂျက်လျှော့ချမှု တွေ ဆောင်ရွက်ဖို့ ဂရိနိုင်ငံက လော လောဆယ်မှာ လုံးပန်းနေရပါတယ်။ ခြိုးခြံချွေတာရေး အစီအစဉ်က တိုင်း ပြည် စုစုပေါင်းကုန်ထုတ်လုပ်မှု (ဂျီဒီပီ) ရဲ့ ငါးရာခိုင်နှုန်းဝန်းကျင်အထိ ရောက်ရှိ နေပါတယ်။ ဂရိနိုင်ငံက သြဂုတ် ၁၄ ရက်မှာ သုံးလ သက်တမ်းရှိ ငွေတိုက် စာချုပ်တွေထုတ်ရောင်းခဲ့ရာ ယူရို ၄ ဒသမ ၀၆၃ ဘီလီယံ (ဒေါ်လာ ၅ ဘီလီယံ) ရရှိခဲ့ပါတယ်။ ပေးရတဲ့အတိုး နှုန်းက ၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြစ်ပြီး အနည်းငယ်များနေတယ်လို့ပြည်သူ့ကြွေး မြီစီမံခန့်ခွဲမှုအေဂျင်စီက ပြောပါတယ်။ ဥရောပဗဟိုဘဏ်က ထုတ်ထား တဲ့ ဘွန်းစာချုပ်တွေရဲ့ သက်တမ်းက သြဂုတ် ၂၀ ရက်မှာသက်တမ်းကုန် ဆုံး တော့မှာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ က ငွေကြေးပြိုကွဲမှုကို ရှောင်ရှားနိုင်ဖို့ အတွက် ဘွန်းစာချုပ်တွေ အများကြီး ထုတ်ရောင်းဖို့ လိုလိမ့်မယ်လို့ ဘဏ္ဍာ ရေးဝန်ကြီးဌာနက ပြောပါတယ်။Source.AFP