Main menu

Background

ကိုရီးယား ဟာရယ်သတင်းစာက "Digital First" မဟာဗျူဟာ ကျင့်သုံး

Fri, 08/31/2012 - 03:05 -- Anonymous (not verified)

နေ့စဉ်လူနေမှုဘဝမှာ အင်တာနက်ပိုမိုအရေးပါလာတာနဲ့အမျှ သတင်း စာတစ်ခုရဲ့အစွမ်းအစကို ပုံနှိပ်ထုတ်ဝေဖြန့်ချိမှုကိုသာမက သတင်းစာရဲ့ အွန်လိုင်းပေါ်မှာရှိတဲ့ သတင်းတွေကို ဝေဖန်ချက်ပေးကြတဲ့ ဦးရေကို ပါထည့် သွင်း စဉ်းစားပြီး ဆုံးဖြတ်လာကြပါတယ်။

ကိုရီးယား ဟာရယ်သတင်းစာကလည်း မိုဘိုင်းဖုန်းတွေကိုအသုံးပြုနိုင်မဲ့ နည်းလမ်းတွေသုံးကာ ရှေ့တန်းမှာရပ် တည်နိုင်မဲ့ တီထွင်ဆန်းစစ်မှုတွေကို ပြု လုပ်လာပါတယ်။ "Digital  First"    မဟာဗျူဟာအရ ဧပြီလမှစတင် တာဝန်ယူခဲ့တဲ့ အချိန် ကစပြီး Herald Media   ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ထုတ်ဝေသူလီယန်းမန်းက ဝက်ဘ်ဆိုက်ထူထောင်ရေး မီဒီယာပလက်ဖောင်းကိုထူထောင် ဖို့ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ ကမ္ဘာကြီး တစ်ခုလုံးက စာဖတ်သူတွေ စမတ်ဖုန်းတွေသုံးပြီး လက်ကလေး တစ်ချက် တို့လိုက်ရုံနဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ရဖို့ ရည်မှန်းနေကြ ကြောင်း လီက ပြောပါတယ်။ ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းတဲ့အတွက် Herald  Media အတွက် အခွင့်အလမ်းတွေအများကြီးပေးခဲ့တယ် လို့သူကပြောပါတယ်။ "သမားရိုကျသတင်းစာတွေကို အခပေးကြည့်သူတွေက အွန်လိုင်း သတင်းတွေဘက်ကို ပြောင်းသွားပေမဲ့ ပုံနှိပ်သတင်းစာရဲ့ အားသာချက်တွေကို ဥပေက္ခာပြုထားလို့မရသေးပါဘူး။ တစ်ချိန်တည်းမှာ ကုမ္ပဏီကအွန်လိုင်း နဲ့မိုဘိုင်းကဏ္ဍတွေကိုလည်း အလေးထားဆောင်ရွက်သွားမှာပါ'' လို့သူက ပြောပါတယ်။ ကိုရီးယားဟာရယ်က အွန်လိုင်းနဲ့မိုးဘိုင်းသတင်းပလက်ဖောင်းတွေကနေ လူမှုကွန်ရက်ဝန်ဆောင်မှုမျိုးလို မီဒီယာအမျိုးမျိုးခွဲပြီး လုပ်သွားဖို့စီစဉ်နေ ပါတယ်။ ဇူလိုင် ၉ ရက်က ကိုရီးယားဟာရယ်က အန်းဒရွိုက် စမတ်ဖုန်းနဲ့ လွှင့်ပေးတဲ့သတင်းစာကို ဖြန့်ချိခဲ့ပါတယ်။Source.koreaherald.com