Main menu

Background

ထိုင်းဆက်သွယ်ရေး ကုမ္ပဏီကြီးက ဗီယက်နမ် မိုဘိုင်းဈေးကွက်ကို သဘောကျ

Fri, 08/31/2012 - 03:07 -- Anonymous (not verified)

၂၀၁၅ ခုနှစ်မှာ ဆောင်ရွက်မဲ့ ဗီယက်နမ်က ဆက်သွယ်ရေးစီမံကိန်း မှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းဆက်သွယ်ရေး ကုမ္ပဏီအစုအဖွဲ့ကြီး True  Corporation    က စဉ်းစားနေကြောင်း ဘန် ကောက် ပိုစ်သတင်းစာမှာ ဖော်ပြထား ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်း ဖို့ရည်မှန်းထားတဲ့ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖွဲ့စည်းပြီးတာနဲ့ ထိုင်း နိုင်ငံမှာ တတိယအကြီးမားဆုံးဖြစ်တဲ့ မိုဘိုင်းအော်ပရေတာကုမ္ပဏီကြီးက ဗီယက်နမ်ကို ရောက်ရှိလာ မှာ ဖြစ် ကြောင်း သတင်းစာမှာဖော်ပြထားပါ တယ်။

ဆက်သွယ်ရေးလုပ်ငန်း အခြေခံ အဆောက်အအုံနဲ့ ကွန်ဂရက်အတွက် လိုင်စင်တွေ ရယူပြီးနောက် True  Corporation    ကဗီယက်နမ်ရဲ့ ဆက်သွယ် ရေး ဝန်ဆောင်မှုလုပ်ငန်းမှာ ပါဝင် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီကို ၁၉၉၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံမှာ တီဗွီ အစီအစဉ်နဲ့ အင်တာနက် ဝန်ဆောင်မှု တွေကို အကြီးအကျယ် ဆောင်ရွက် နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကမ္ဘောဒီး ယား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေမှာ လည်း ဝန်ဆောင်မှုတွေပေးလျက် ရှိပါ တယ်။ ဗီယက်နမ် ဆက်သွယ်ရေး ဈေး ကွက်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန် လျက်ရှိပြီး အဖိတ်အစင်အဆုံးအရှုံးတွေ လည်းရှိနေပါတယ်။ ရုရှားဆက်သွယ် ရေးကုမ္ပဏီကြီး Beeline  က ဧပြီလက ပြန်လည် ထွက်ခွာသွားခဲ့ ပါတယ်။  Vietnam  mobile  ကလည်းအစိုးရ ဆီက ကယ်တင်ငွေရယူဖို့ ကြိုးစားနေ ပါတယ်။ Sfone  ကုမ္ပဏီက ယခင် လက သူရဲ့ဝန်ထမ်းအများစုကို လျှော့ချ ပြီး စီးပွားရေးလုပ်ငန်းပူးပေါင်း ဆောင် ရွက်မှုစာချုပ်ကိုအပြီးသတ် ဆောင်ရွက် ပြီး လီမိတက်ကုမ္ပဏီအဖြစ် အသွင် ပြောင်းဖို့ ကြိုးစားနေပါတယ်။ မိုဘိုင်းဖုန်းငှားရမ်းသုံးစွဲမှု ၁၃၅ သန်းရှိတဲ့ ဗီယက်နမ် ဆက်သွယ်ရေး ဈေးကွက်ကို VinaPhone, Mobifone   နဲ့ ဗီယက်နမ်တို့က ဦးဆောင်ထားပြီး စုစုပေါင်းဈေးကွက် ဝေစု ၉၅ ရာခိုင် နှုန်းကို ရထားပါတယ်။ှSource.VNS