Main menu

Background

အိန္ဒိယဆင်းရဲသားမိသားစုများအတွက် 'တစ်အိမ်ထောင်ဖုန်းတစ်လုံး' အစီအစဉ်ကို အတည်ပြုတော့မည်

Fri, 08/31/2012 - 03:08 -- Anonymous (not verified)

ဆင်းရဲမှုမျဉ်း ( Poverty  Line) အောက်ရောက်နေတဲ့ မိသားစုတိုင်းအတွက် ဖုန်းတစ်လုံးရရှိစေမည့် အစီအစဉ်ကို အိန္ဒိယညွန့်ပေါင်းအစိုးရကအတည်ပြုပေးဖို့နောက်ဆုံးအဆင့် ကို ရောက်နေပါပြီ။ ဒီလှုပ်ရှားမှုက လူကြိုက်အများဆုံး အစီ အမံတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲအတွက် အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီအစီ အစဉ်ရဲ့နံမည်ကို  " A  Phone  in  every  hand"    လို့အမည် ပေးထားပါတယ်။

 
ဤအစီအစဉ်ကို အကောင်အထည်ဖော်ပါက ဆင်းရဲမှု မျဉ်း အောက်ရောက်ရှိနေကြောင်း မှတ်ပုံတင်ထားတဲ့ အိမ် ထောင်စု ၇၁ သန်းခန့်လက်ကိုင်ဖုန်းရမှာဖြစ်ပြီး ခေါ်ဆိုခ မိနစ် ၂၀၀ အခမဲ့ ပြောခွင့်ရမှာ ဖြစ်ပါတယ်။ ယခုစီမံကိန်းကို အိန္ဒိယနိုင်ငံစီမံကိန်းကော်မရှင်က အဆိုပြုတင်ပြခဲ့တာဖြစ်ပြီး လောလောဆယ်မှာ ဝန်ကြီးချုပ်ရုံး က လေ့လာ သုံးသပ်လျက်ရှိပါတယ်။ အသုံးပြုမဲ့ငွေကြေးကို အရင်း အမြစ်နှစ်ခုက ရရှိပါတယ်။ ပထမ ငွေတစ်ဝက်ကို ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ Universal  Services  Obligation    ရန်ပုံငွေအဖွဲ့ကရပါမယ်။ ဒီအဖွဲ့က ကျေး လက်နဲ့ ဝေးလံခေါင်ဖျားဒေသတွေ ဈေးသက်သာတဲ့ဖုန်းရရှိ ရေး ဆောင်ရွက်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ကျန်ငွေကို ဒီလုပ်ငန်းကိုလေလံရရှိတဲ့ ကုမ္ပဏီကပေးမှာ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ ကွန်ဂရက်ပါတီ တွင်းမှာ ဒီစီမံကိန်းကို ဆန့်ကျင်မှုတွေ ရှိနေပါတယ်။ ဒီ ငွေကြေးကို လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာ သို့ မဟုတ် အစားအစာဖူလုံရေး အစီအမံတွေအတွက် သုံးသင့် တယ်လို့ တချို့က ယူဆပါတယ်။ အစိုးရမှာငွေကြေးမလုံ လောက်တဲ့ ပြဿနာ ရှိနေတဲ့အတွက် အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ဒီအစီအစဉ်ကို ဆန့်ကျင်မယ်လို့ ခန့် မှန်းရပါတယ်။
Source.CNA