Main menu

Background

ယွမ်ရန်ပုံငွေအဖွဲ့များရဲ့ နိုင်ငံခြားငွေ ကျဆင်း

Fri, 08/31/2012 - 03:12 -- Anonymous (not verified)

ယွမ်ရန်ပုံငွေအဖွဲ့များရဲ့ နိုင်ငံခြားငွေလက်ကျန်က ဇူလိုင်လကုန်က ယွမ် ၂၅ ဒသမ ၆၆ ထရီလီယံ (ဒေါ်လာ ၄ ဒသမ ၀၇ ထရီလီယံ) ရှိခဲ့ရာ လအလိုက် ယွမ် ၃ ဒသမ ၈၂ ထရီလီယံနီးပါးကျဆင်းခဲ့ကြောင်း တရုတ်ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်က ပြောပါတယ်။ ဒီလိုကျဆင်းရတာဟာ ကမ္ဘာ့စီးပွားရေး အခက်အခဲ တွေ့နေချိန်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေးနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုကြောင့်ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက်မှာဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုပိုငွေက ဇူလိုင်လမှာဒေါ်လာ ၂၅ ဒသမ ၁၅ ဘီလီယံရှိခဲ့ရာ ဈေးကွက်ကခန့်မှန်း ထားတဲ့ဒေါ်လာ ၃၄ ဒသမ ၃ ဘီလီယံ အောက်များစွာ ကျဆင်းခဲ့ပါတယ်။ ပို့ကုန်လုပ်ငန်းက ဇူလိုင်လမှာယခင်နှစ် ကထက် ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ သို့သော် ယခင်နှစ်ကတိုးတက်မှု နှုန်းဖြစ်တဲ့ ၁ ဒသမ ၈ ရာခိုင်နှုန်း အောက်ကျဆင်းပါတယ်။ တရုတ်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဇွန်လမှာဒေါ်လာ ၅၉ ဒသမ ၁ ဘီလီယံရှိခဲ့တဲ့ အတွက် ခြောက်လအတွင်းအနိမ့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။ ယွမ်ရန်ပုံငွေအဖွဲ့တွေမှာ နိုင်ငံခြားငွေလက်ကျန်ကျဆင်းရတာဟာ ဥရောပဒေသမှာ နိုင်ငံတော်ကြွေးမြီ အကျပ်အတည်း ဆိုက်ရောက်နေချိန်၊ အမေရိကန်ပြည်ထောင်စု စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးနေချိန်နဲ့ ယွမ် တန်ဖိုး ကျဆင်းမဲ့အလားအလာတွေရှိနေချိန်မှာ အရင်းအနှီးငွေတွေ နိုင်ငံတွင်းကနေ စီးထွက်မှုများနေတယ် ဆိုတာကိုပြသနေကြောင်း လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။ ၂၀၁၂ ခုနှစ် နှစ်စပိုင်းကနေ ယနေ့အချိန်ထိ ယွန်တန်ဖိုးက ၁ ဒသမ ၉၃ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။              Source.xinhua