Main menu

Background

ထိုင်းဘွန်းစာချုပ်များကို နိုင်ငံခြားသားတို့ ပိုမိုသတိထားလာ

Fri, 08/31/2012 - 03:13 -- Anonymous (not verified)

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် တောင်ကိုရီး ယား ဘဏ်များက ထိုင်းနိုင်ငံပေါ်လစီ အတိုးနှုန်း ကိစ္စပြတ် ပြတ်သားသားဖြစ်တဲ့ အခြေအနေနဲ့ နိုင်ငံခြားငွေဖလှယ်နှုန်း အလားအလာကို စောင့်ကြည့်နေတဲ့အတွက် ဘတ်ငွေနဲ့ ထုတ်ဝေထားတဲ့ ဘွန်းစာချုပ်များကိုရောင်းချတာ နှေးကွေး လာပါတယ်။ တောင်ကိုရီးယား ရင်းနှီး မြှုပ်နှံသူတွေက လုပ် ငန်း ဆောင်ရွက်မှု နှေးကွေးကျဆင်းလာပေမဲ့ ယခုနှစ်ပထမ နှစ်ဝက် မှာ နိုင်ငံခြားသားတွေက ဘတ်ငွေနဲ့ ဘွန်းစာချုပ်တွေ ထုတ်ဝေရာမှာ အဓိကနေရာမှာ ရှိနေဆဲဖြစ်ကြောင်း ထိုင်း ဘွန်း ဈေးကွက်အသင်း ဥက္ကဌနီဝပ်ကန်ဂျန်နာဖူးမင်းက ပြော ပါတယ်။

ဒီကာလအတောအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက ဘွန်းစာချုပ်ဘတ် ၂၂ ဘီလီယံဖိုး ထုတ်ဝေခဲ့ကြပါ တယ်။ အများစုက ကိုရီးယားလူမျိုးတွေ ထုတ်ဝေတဲ့ ကာလ ရှည် ဒီဘင်ချာဘွန်းစာချုပ်တွေ ဖြစ်ပါတယ်။  တစ်ချိန် တည်းမှာ ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံသူတွေ ထုတ်ဝေတဲ့ ဘတ် ၉၉ ဘီလီယံကိုလည်း ထိုင်းအာဏာပိုင် တွေက အတည်ပြုပေးခဲ့ပါတယ်။ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူ တွေက ဘတ်ငွေနဲ့ ဘွန်းစာချုပ်တွေ ထုတ်ဝေမှု နှေးကွေး လာရတာက အဓိကအားဖြင့် နှစ်နိုင်ငံအကြား အတိုးနှုန်း ကွာဟမှု ကျဉ်းမြောင်းလို့ဖြစ်ပါတယ်။ တောင်ကိုရီးယား ဗဟိုဘဏ်က ယခင်လက ပေါ်လစီအတိုးနှုန်းကို လျှော့ချ ပေးပြီး ထိုင်းပေါ်လစီအတိုးနှုန်း ၃ ရာခိုင်နှုန်းညှိပေးခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးမရေရာမှုကလည်း ပင်လယ်ရပ်ခြားမှ ရင်းနှီး မြှုပ်နှံသူတွေအတွက် အခြားအကြောင်းရင်းတစ်ခု ဖြစ်ပါ တယ်။                             Source.bangkokpost.com