မိုးခေါင်တာကြောင့် ကမ္ဘောဒီးယားစပါးစိုက်ဧရိယာ ၁၉ ရာခိုင်နှုန်းကျဆင်း

ကမ္ဘောဒီးယားနိုင်ငံမှာ မိုးရွာသွန်းမှု နှောင့်နှေးတာကြောင့် ယခုနှစ် စပါးစိုက်ဧရိယာ ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းနေ ပါတယ်။ စပါးစိုက်ပျိုးဖို့ ဟက်တာ ၂ ဒသမ ၃၆ သန်းလျာထာခဲ့ပေမယ့် ရည်မှန်းဧရိယာရဲ့ ၈၂ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာ ၁ ဒသမ ၉၃ သန်းသာစိုက်ပျိုးထားပြီးကြောင်း ပြည်တွင်းသတင်းများအရ သိရပါတယ်။

ယခင်နှစ်က ဟက်တာ ၂ ဒသမ ၉ သန်းအထိ စံချိန်တင်စိုက်ပျိုးခဲ့ပြီး၊ ပျမ်းမျှတစ်ဟက်တာ ၃ ဒသမ ၁၇ တန်နှုန်းနဲ့စပါးတန်ချိန် ၈ ဒသမ ၇၈ သန်း ထုတ် လုပ်ခဲ့ကြောင်း စိုက်ပျိုးရေးသစ်တောနဲ့ မွေးမြူရေးဝန်ကြီးဌာန (MAFF) မှ ပြောကြားပါတယ် ဒါပေမယ့် ဒီနှစ် မေလနဲ့ အောက်တိုဘာလအတွင်း ပုံမှန်ရွာသွန်းမှုထက် မိုးနည်းနေတဲ့အတွက် လယ်မြေ ဟက်တာ ၁၄၆၀၀၀ ဝန်းကျင် စပါးစိုက်ပျိုးမှုထိခိုက်စေခဲ့ရာ စပါးတန်ချိန် ၃၆၀၀၀၀ ခန့် ဆုံးရှုံးနိုင်ကြောင်းသိရ ပါတယ်။ အကယ်လို့ နောက်ထပ် သီတင်း ၂ ပတ် မိုးရွာသွန်းမှုနည်းနေအုံးမယ်ဆိုရင် ပျက်ဆီးမှုက သိသိသာသာ မြင့်တက်လိမ့်မယ်လို့ ကျွမ်းကျင် သူများက ဆိုပါတယ်။ တောင်သူတွေရဲ့ စပါးပျိုးပင်များ ရှင်သန်နိုင်စေဖို့ ဆည်ရေသောက်လယ်ကွင်းများမှာ ရေပေးဝေနိုင်ရေး  စိုက်ပျိုးရေး အရာရှိများကို ဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် မိုးနောက်ကျပြီး၊ မိုးနည်းပါးလို့ အိန္ဒိယ၊ ထိုင်းနဲ့ သီရိလင်္ကာအပါအဝင် နိုင်ငံများစွာရဲ့ စပါးထုတ်လုပ်မှုကို ထိခိုက်နေပါတယ်။             လမင်း၊Source: oryza.com