စပါးခင်း ပိုးကျရောက်မှုကိုသုတ်သင်ဖို့ တရုတ်အစိုးရက ပံ့ပိုးငွေ နောက်ထပ် ကန်ဒေါ်လာသန်း ၃၀ ပေးမယ်လို့ကြေညာ
ယခုနှစ် စပါးနဲ့ပြောင်းသီးနှံတွေကို ခြိမ်းခြောက်နေတဲ့ ပိုးကျရောက်မှုကို ရှင်းလင်းသုတ်သင်ဖို့ တရုတ်အစိုးရက ပံ့ပိုးငွေ ယွမ်သန်း ၄၀၀ (ကန်ဒေါ်လာ ၆၃ သန်းခန့်) ပေးမယ်လို့ အစောပိုင်းက ကတိပြုခဲ့တဲ့အပြင် နောက်ထပ်ယွမ် သန်း ၂၀၀ (ကန်ဒေါ်လာ ၃၁ ဒသမ ၇၅ သန်း)ပေးမယ်လို့ကြေညာခဲ့ကြောင်း သိရပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်သူများအနေနဲ့ ပိုးကျရောက်မှု နှိမ်နှင်းတဲ့တောင်သူတွေကို ကူညီဖို့ ကျွမ်းကျင်တဲ့အဖွဲ့အစည်းများရဲ့ အကူအညီရယူပြီး ရန်ပုံငွေသုံးစွဲရေးကို စီးပွားကူးသန်းဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း သိရပါတယ်။ ယခုနှစ် စပါးစိုက်ဟက်တာ ၂၃ သန်းကျော်မှာ အပင်ရောဂါနဲ့ ပိုးကျရောက်မှုမြင့်တက်တာကြောင့် ဒီနှစ်စပါးအထွက် က လျာထားချက်အောက်လျော့ကျနိုင်တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဇူလိုင်လမှာ သတိပေး ပြောကြားခဲ့ပါတယ်။ ယခုနှစ်တရုတ်နိုင်ငံက စပါးတန်ချိန် ၂၀၅ သန်းခန့်နဲ့ ၂၀၁၁ မှာ ထုတ်လုပ်ခဲ့တဲ့စပါး တန်ချိန် ၂၀၀ဒသမ ၇၈ သန်းထက် ၂ ရာခိုင်နှုန်း မြင့်တက်မယ်လို့ FAO မှ ခန့်မှန်းထားပါတယ်။
လဝန်း၊Source: oryza.com
