ဖိလစ်ပိုင်တွင် ဆန်သိုလှောင်ထားရှိမှု လျော့ကျနေသဖြင့် ပြည်ပမှ ဆန်တင်သွင်းမှုကို လျှော့ချ၍ ရဦးမည် မဟုတ်
ဖိလစ်ပိုင်က မကြာမီကာလမှာ မိမိကိုယ်တိုင်ဆန်ထုတ်လုပ်မှုဖူလုံအောင် ဆောင်ရွက်နိုင်တဲ့နိုင်ငံဖြစ်လာ စေရေး ရည်မှန်း ထားသော်လည်း၂၀၁၃ ခုနှစ်မှာဆန်တန်ချိန် ၁ ဒသမ ၃ သန်း အထိ တင်သွင်းဖွယ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ကောက်ပဲ သီးနှံကောင်စီ (IGC) က ခန့်မှန်းထားတယ်။ ၎င်းပမာဏက ယခုနှစ်တင်သွင်းဖို့ စီစဉ်ထားတဲ့ တန်ချိန် ၁ ဒသမ ၄ သန်း (လက်ရှိဈေးနှုန်းနဲ့တွက်ရင် ကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင်ဖိုး) နဲ့ ယှဉ်ရင် အနည်းငယ်သာလျော့နည်းသွားမှာဖြစ်တယ်။
ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Proceso Alcale က ယခုနှစ်အတွက် ဖိလစ်ပိုင်စပါးထွက်နှုန်းကို ၆ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်ကာ တန်ချိန် ၁၇ ဒသမ ၈ သန်းအထိထွက်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သြဂုတ် ၁၃ ရက်က ပြော ကြားခဲ့တယ်။ ဒါပေမဲ့ IGC မှ အဆင့်မြင့်စီးပွားရေးပညာရှင် Darren Cooper က ''ဖိလစ်ပိုင်မှာ ဆန်သိုလှောင် ထားရှိမှု လျော့ကျနေရာ စပါးအထွက်တိုးလာတဲ့တိုင်အောင် ပြည်ပမှ ဆန်တင်သွင်းမှုကို လျော့ချရဦးမှာမဟုတ်'' လို့ ပြောကြားခဲ့တယ်။ ဇူလိုင် ၁ ရက်အထိ စာရင်းအရ ဖိလစ်ပိုင်မှာ ဆန်သိုလှောင်ထားမှုမှာ တန်ချိန် ၁ ဒသမ ၇ သန်းသာရှိရာ ယခင်နှစ်နဲ့ ယှဉ်ရင် ၃၂ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ ဒါကြောင့် ပြည်တွင်းစားနပ်ရိက္ခာလုံလောက်စေဖို့ ပြည်ပမှ တန်ချိန်များစွာ တင်သွင်းရဦးမှာဖြစ်ကြောင်း IGC က အစီရင်ခံထားတယ်။ Source:wsj.com,ပပ
