Main menu

Background

အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီမှ နည်းပညာနဲ့ ပဲမျိုးစုံထုတ်လုပ်မှု မြှင့်တင်ရေး တောင်သူများကို တိုက်တွန်း

Fri, 08/31/2012 - 06:07 -- Anonymous (not verified)

ပဲထုတ်လုပ်မှုကျဆင်းပြီး ဝယ်လိုအားမြင့်တက်နေတာ ကြောင့် အိန္ဒိယဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းက အလွန် အမင်းမြင့်တက်လာခဲ့ပါတယ်။ ဈေးနှုန်းမြင့်တက်မှုကို လျော့ ကျစေဖို့ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR)မှ နည်းပညာများ သရုပ်ပြခြင်းများဖြင့် နိုင်ငံအတွင်း ပဲစိုက်ပျိုးမှု မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိနေ ပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၂၁ သန်းခန့်စားသုံးပါတယ်။ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုက တန်ချိန် ၁၈ သန်းဝန်းကျင် ရှိလို့ လိုအပ်ချက် ပြည့်မီဖို့ တန်ချိန် ၃ သန်း ဝန်းကျင် တင်သွင်းနေရတာဖြစ်ပါ တယ်။

ဒေါ်လာနဲ့ လဲလှယ်ရာမှာ ရူပီးတန်ဖိုး ကျဆင်းတာ ကြောင့်လည်း တင်သွင်းပဲဈေးတွေကြီးမြင့်လာပြီး၊ သာမန် ပြည်သူတွေရဲ့ အသုံးစရိတ်ကို ထိခိုက်စေလျက်ရှိပါတယ်။ အကယ်လို့သာ  ပြည်တွင်းထုတ်လုပ် မှု မြင့်တက်မယ်ဆိုရင် ပြည်ပတင်သွင်းပဲတွေအပေါ် မီခိုနေရမှုကျဆင်းမှာဖြစ်ပြီး၊ ပြည်တွင်းဈေးလည်းလျော့ကျလာ မှာဖြစ်ပါတယ်။ ဒါကြောင့် ICAR  မှ နိုင်ငံအတွင်း ပဲစိုက်ပျိုးမှုကို အားပေးဖို့အချို့ပဲတွေရဲ့ နည်းပညာသရုပ်ပြခြင်း စီမံချက်တွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နေပါတယ်။ အဲဒီစီမံချက်ကို ၂၀၁၀-၁၁ မှာစတင်ခဲ့တာဖြစ်ပြီး၊ ၂၀၁၂-၁၃ တိုင်အောင် ပြည်နယ် ၁၁ ခုနဲ့ ခရိုင် ၁၃၇ ခုမှာ ဆက်ပြီးအကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။ စိုက်ပျိုးရေး ရာသီဥတုရှိတဲ့ ဒေသများနဲ့ ခရိုင်တွေမှာ အထူးပြု ကာ သင့်တော်တဲ့ ပဲများရဲ့ အထွက်တိုးဖို့ ဆောင်ရွက်နေပြီး၊ ဒေသတောင်သူများကိုလည်း တစ်သီးစိုက်ပျိုးမှုနဲ့ ကြားညှပ် စိုက်ပျိုးမှုစနစ် နှစ်မျိုးလုံး စိုက်ဖို့ ချမှတ်ထားတယ်လို့ သိရပါ တယ်။ ဒါ့အပြင် ၂၀၁၂ မိုးရာသီအတွင်းပဲမျိုးစုံတန်ချိန်၁၉ သန်း ကျော်ရရှိဖို့ ရူပီး ကုဋေပေါင်း ၁၅၃ ဒသမ ၅၄ (ကန်ဒေါ်လာ ၂၇ ဒသမ ၇ သန်း)အကုန်အကျခံပြီး၊ ပြည်နယ် ၁၆ ခုမှာ အထူးစီမံကိန်းအနေနဲ့ အစိုးရက အကောင်အထည် ဖော် မယ်လို့ သိရပါတယ်။ ယင်းသုံးစွဲငွေအနက် ရူပီး ၁၀၇ ဒသမ ၃ ကုဋေ(ကန်ဒေါ်လာ ၁၉ ဒသမ ၃၆ သန်း)ကို နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့(NFSM)ရဲ့ အစီအစဉ်နဲ့ ဆောင် ရွက်မှုတွေမှာ သုံးစွဲသွားမှာဖြစ်ပြီး၊ ကျန်တဲ့ ရူပီး ၄၆ ဒသမ ၂၄ ကုဋေ(ကန်ဒေါ်လာ ၈ ဒသမ ၃၄ သန်း)ကိုတော့ ဆည် မြောင်းအစီအစဉ်တွေနဲ့ပတ်သက်လို့အမျိုးသားအဖွဲ့ရဲ့ ဆောင် ရွက်တဲ့ လှုပ်ရှားမှုတွေမှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။ယမင်းရွှေစင်Source: commodityonline