မုံရွာကုန်စည်ဒိုင် သြဂုတ်လတတိယပတ် ပဲဈေးကွက်မှာ ပဲစင်းငုံနီအရောင်းအဝယ် ဆက်လက်ကောင်းမွန် နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် ဝယ်အားကောင်းသလောက် ရောင်းလက်တွေ က ပစ္စည်းလက်ကျန် လျော့လာလို့ အား ပျော့လာတယ်လို့ ကုန်သည်အသိုင်းအဝန်းကပြောပါတယ်။
မုံရွာနယ်က ပဲစင်းငုံစိုက် တောင်သူ တွေရဲ့ အဆိုအရ ဒီနှစ် ပဲစင်းငုံစိုက်ရာသီမှာ အချိန်မီစိုက်နိုင်မှုက ၂၀ ရာခိုင်နှုန်း သာရှိပြီး၊ အခုအချိန်အထိ အပင်ရှင်သန် စိတ်ချရမှုက တော်တော်အားနည်းနေတယ်လို့ပြောပါတယ်။ တောင်သူတွေ နဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ ပွဲရုံ အသိုင်းအဝန်းကလည်း လာမယ့်နှစ်ပဲရာသီမှာ ပဲစင်းငုံအထွက်သိသာစွာကျဆင်း မှာမို့ လက်ဝယ်ရှိတဲ့ပဲကို ဈေးကွက် မျှော်လင့်ချက်နဲ့ ဆက်ထိန်း လိုသူတွေရှိနေတယ်လို့သိရပါတယ်။ဒါပေမယ့် ပဲလက်ဝယ်ရှိ သူတွေနဲ့ ခံယူချက် မတူညီမှုတွေကြောင့် ဒီတစ်ပတ် ကုန် စည်ဒိုင်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး၊ အိတ် ၈၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ကုန်သည်တစ်ချို့ကပြောပါတယ်။ ပေါက်ဈေးအနေနဲ့ကတော့ ယခုတစ်ပတ်အတွင်းမှာ တစ်တင်း ၂၂၄၀၀ ကျပ်ကနေ ၂၂၀၀၀ ကျပ်ကြား ဈေးအေး သွားခဲ့တာတွေ့ရပါတယ်။ စီးဆင်းမှုအနေနဲ့ ဆက်လက် ကောင်းမွန်ခဲ့ရာ ရန်ကုန်ကိုတင်ပို့ဖို့ မုံရွာဆိပ်ကမ်း ကနေ ရေယာဉ်လေးစီးနဲ့ ငုံနီအိတ် ၄၄၀၀၀ ခန့်ရှိခဲ့တယ်လို့ ပို့ဆောင် ရေး ကိုယ်စားလှယ်တွေထံက ကြားသိရပါတယ်။ ယခုတစ်ပတ် ကုလားပဲဈေးကွက်မှာတော့ ရန်ကုန် အဝယ်မရှိဘဲ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်နဲ့ ပဲလက်လီ အဝယ်ရှိလို့ အရောင်းအဝယ်အေးခဲ့တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲအုပ်စုဝင် ပဲအားလုံးကျဈေးဖြစ် ပေါ်ခဲ့ရာ V2 တစ်တင်း ၂၂၇၀၀ ကျပ်မှ ၂၂၃၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၂၂၅၀၀ ကျပ်မှ ၂၂၂၀၀ ကျပ်၊ 929တစ်တင်း ၂၂၈၀၀ ကျပ်မှ ၂၂၄၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း V2 ၃၅၀၀ အိတ် ခန့်ထိုင်ဝမ် ၃၀၀၀ အိတ်ခန့်နဲ့ 929 ၃၅၀၀ အိတ်ခန့် ဖြစ်ခဲ့ တယ်လို့ ကုန်သည်နဲ့ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ပဲတီစိမ်းကြီးဈေးကွက်လည်း ယခု တစ်ပတ်မှာ အဝင်မရှိ၊ ပစ္စည်းလက် ကျန်နည်းလို့ အရောင်းအဝယ်ပါးခဲ့ တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ် လက်သာရှိခဲ့ပြီး၊ လက်ကျန်ပစ္စည်း အရောင်းသာဖြစ်ခဲ့လို့ ယခုတစ်ပတ်မှာ တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀ ကြား သာ အရောင်းအဝယ်ဖြစ်ခဲ့ရာ ပေါက် ဈေးအနေနဲ့လည်း တစ်တင်း ၂၁၄၀၀ ကျပ်မှ ၂၀၅၀၀ ကျပ်ကို ကျဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ပဲကြီးဈေး ကွက်မှာ တော့ နယ်အဝင် ပုံမှန်သာရှိသလို ဈေး လည်း တန့်နေခဲ့ပါတယ်။ ယခု တစ်ပတ် အတွင်း တစ်တင်း ၂၆၅၀၀ ကျပ်ဈေးမှာ တန့်နေကာ ပခုက္ကူဝယ်လက် အနည်း ငယ်နဲ့ ဒေသပဲလက်လီ၊ ပဲကြော်ဖို့ ဝယ် လက်သာရှိခဲ့ပြီး၊ တစ်ရက် အိတ် ၁၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ် ဖြစ် ခဲ့တယ်လို့ ကုန်သည်ရောင်းလက် တွေ ထံက ကြားသိရပါတယ်။ထွန်းလှိုင်