Main menu

Background

ပဲတီစိမ်းအပို့ သိသိသာသာလျော့ပေမဲ့ ပဲတီစိမ်းလုံးခြမ်း အပို့ပိုမို

Fri, 08/31/2012 - 06:09 -- Anonymous (not verified)

လားရှိုး-ကွတ်ခိုင်-သိန္ဒီတို့မှာ မိုးများရေကြီးတဲ့အပြင် တောင်ကျရေများပါ စီးဆင်းနေတဲ့အတွက် ယခုအပတ်မှာ ကုန်တင်ယာဉ်စီးဆင်းမှုများသိသိသာသာ လျော့နည်းလျက်ရှိပါတယ်။ယခုအပတ် သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၂၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၇၃ တန်သာ အပို့ရှိခဲ့တဲ့အတွက် တန် ၄၈၀ ကျော်ယခင်အပတ်ထက် အပို့လျော့ခဲ့ပါ တယ်။

ဒါပေမဲ့ မူဆယ်ရှိ  ပဲခွဲစက်များမှ Value Added   ပဲတီစိမ်းခွဲခြမ်းတန် ၂၈၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းဖိုးအပို့ရှိခဲ့တဲ့အတွက် ယခင်အပတ် ကထက် ပဲတီစိမ်းခွဲခြမ်း ၂၁၉ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်မြေပြင်ပေါက်  ဈေး များနဲ့နှိုင်းယှဉ်မယ်ဆိုလျှင် မိမိဘက်မြေပြင်ဈေးအနည်းငယ်မြင့်တက်သည်ဆိုရုံ မျှ ထောင်ဂဏန်းပင်မရှိ မြင့်တက်လျက်ရှိပါတယ်။ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်     ပြောင်းလဲမှု    %             ယခု     ယခင်    ပြောင်းလဲမှု    % ၆၉၃၄၄၆    ၆၉၂၅၁၀        ၉၃၆       ၀ .၁     ၈၀၇       ၈၀၆         ၁            ၀ .၁MIRT (DOBT)