Main menu

Background

ငရုတ်ခြောက် ဈေးပြန်အေးလာ

Fri, 08/31/2012 - 06:33 -- Anonymous (not verified)

ကျောက်ဆည်နယ်မှာရှိတဲ့ ငရုတ်ခြောက်ဈေးမှာ ယခုတစ်ပတ်ဈေးပြန် အေးလာပါတယ်။ ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ အညှာခြွေများအဝယ်လိုက် ခဲ့သလို မန္တလေးဈေးကွက်ကိုလည်း ပုံမှန်တင်ပို့နေတာေ ကြာင့် ဈေးမာနေခဲ့ရာမှ တစ်ပိဿာ ၂၄၀၀ ကျပ်ထိ ဈေးကောင်းရရှိခဲ့ပါတယ်။

ယခုအပတ်မှာတော့ ရှမ်းပြည် နယ် မြောက်ပိုင်းက အဆွဲနည်းနေပြီး၊ မန္တလေးကိုသာ တင်ပို့နိုင်တဲ့အတွက် ဈေးပြန်အေး လာကြောင်း၊ လှောင် လက်သမားများ ဈေးအခြေအနေကိုကြည့်ပြီး ရောင်းချနေကြောင်း သိရပါတယ်။ မန္တလေးဈေးကွက် မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိ ပေါက် ဈေးက ငရုတ်ရှည်တစ်ပိဿာ ၂၀၀၀ ကျပ်၊ ငရုတ်ပုတစ်ပိဿာ ၃၈၀၀ ကျပ် - ၃၉၀၀ ကျပ်၊ ငရုတ်ရှည်မှာ ကျောက်ဆည်နယ်၊ မြစ်သားနယ်များမှလည်း ကောင်း၊ ငရုတ်ပုမှာသဲတော၊ ဝမ်းတွင်းနယ်များမှ လည်းေ ကာင်း ဈေးကွက်ကို ဝင် ရောက်နေကြောင်း သိရပါတယ်။                                      ကျော်မြင့်