Main menu

Background

စိုက်ဧရိယာလျော့ကျပြီး အဝယ်ရှိလို့ အိန္ဒိယနနွင်းဈေးမြင့်တက်လာ

Fri, 08/31/2012 - 06:35 -- Anonymous (not verified)

နနွင်းစိုက်ပျိုးမှုများတဲ့ အိန္ဒိယအချို့ဒေသတွေမှာ စိုက်ဧရိယာကျဆင်းခြင်းနဲ့ ပြည်ပတင်ပို့ဖို့ ဝယ်ယူမှုတွေ ရှိလာလို့ နနွင်းကြိုပွိုင့်ဈေး ၂ ရာခိုင်နှုန်းကျော်မြင့်တက် လာ ခဲ့ပါတယ်။ NCDEX  မှာ စက်တင်ဘာလနနွင်း စာချုပ် ဈေးဟာ တစ်တန်ရူပီး ၅၉၀၀၀ (ကန်ဒေါ်လာ ၁၀၆၉) ကို ၁ ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ စိုက်ဧက လျော့ ကျတာကြောင့် လာမယ့်နှစ်မှာ အထွက်လျော့နိုင်တယ်လို့ Geojit Comtrade  ကုမ္ပဏီဒါရိုက်တာ CP Krishnan   မှ ပြောကြားပါတယ်။

ဒါပေမဲ့ လက်ငင်းဈေးကွက်မှာတော့ နိုင်ငံမြောက်ပိုင်းက အဝယ်မရှိလို့ အကျဘက် ဆင်းနေပါတယ်။ နိုင်ငံအရှေ့ မြောက်ပိုင်းပြည်နယ်တွေမှာ မငြိမ်မသက်ဖြစ်နေလို့ မှာယူမှု အသစ်မရှိဘူးလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ဒီကာလတွေမှာ အီရော့နနွင်းတင်ပို့သူတွေဟာ နိုင်ငံမြောက်ပိုင်းက အမှာ အော်ဒါတွေရရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ပိုင်း အခြေခံ ကုန်သည်တွေဟာ အချို့ရက်တွေမှာတစ်တန်ရူပီး ၄၀၀၀၀-၄၅၀၀၀(ကန်ဒေါ်လာ ၇၂၅-၈၁၅)ကို ချဝယ်ကြတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ နနွင်းတွေစုစည်းထားပြီး ဈေးပြန် ကောင်းလာတဲ့အချိန်မှာ ထုတ်ရောင်းကြမှာဖြစ်ပါတယ်လို့ အီရော့နနွင်းကုန်သည်များ အသင်းဥက္ကဋ္ဌ မစ္စတာ အာကေ ဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဈေးကွက်ကို ရောက် လာတဲ့ထဲက အိတ် ၅၀၀၀ သာရောင်းရတယ်လို့ဆိုပါတယ်။ အလားတူလှောင်လက်တွေသာ  ဝယ်ယူ နေကြလို့ နနွင်းဈေး က တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၈ ) ခန့်ကျဆင်းခဲ့ပါ တယ်။ ဒါပေမဲ့ နီဇမ်မာဘတ် လက်ငင်းဈေးကွက်မှာတော့ ပါကစ္စတန်က အဝယ်ရှိလို့ နနွင်းတစ်တန် ရူပီး ၅၄၆၅၀ (ကန်ဒေါ်လာ ၉၉၀)ကို သုည ဒသမ ၃၃ ရာခိုင်နှုန်း မြင့် တက်ခဲ့ပါတယ်။ သြဂုတ်လ ၁၄ ရက်ထိ နီဇမ်မာဘတ်မှာ မိုးရွာသွန်းမှုက ၂၉ ရာခိုင်နှုန်းခန့် နည်းနေပါတယ်။ အင်ဒရာ ပရာဒေ့ရှ်မှာလည်း နနွင်းစိုက်ပျိုးမှုက ဟက်တာ သုည ဒသမ ၄၇ သိန်းသာရှိပါတယ်။မိုးခေါင်နေတဲ့အပြင် နနွင်းရာသီ အစမှာ ဈေးကောင်းမရတဲ့အတွက် တောင်သူတွေက လျှော့ စိုက်လာကြတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: businessline