Main menu

Background

ယခုတစ်ပတ်ပင်လောင်း နနွင်းအဆွဲပို

Fri, 08/31/2012 - 06:35 -- Anonymous (not verified)

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ အောင်ပန်းအရှေ့ ဖက်၊တောင်ပို့လရွာကနနွင်းတွေအဝင်များလာပါတယ်။ အဝင် များသလို အရောင်းကလည်း သွက်နေပါတယ်။ တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခွဲခန့် အရောင်း အဝယ်ဖြစ်နေပါ တယ်။

ဒါပေမယ့် အောင်ပန်းမှာရော ဟိုပုံးမှာပါ လက်ကျန် တွေ အတော်များများကျန်နေ ပါသေးတယ်။ ပင်လောင်းနနွင်း လည်း အဆွဲများနေတယ်လို့ သိရပါတယ်။ ဒီနှစ်နနွင်းဈေးက မနှစ်ကထက်တော့ ဈေးပိုရနေပါတယ်။ ပင်လောင်းနနွင်းက လည်း တစ်ပိဿာကို ၅၀၀ ကျပ် - ၇၀၀ ကျပ်ထိရနေပြီး၊ ခြင်ဆေးခွေ ပြုလုပ်ဖို့အတွက် ဝယ်ယူနေတယ်လို့ သိရပါ တယ်။ ရန်ကုန် ဝယ်လက်တွေကသာ အများဆုံးဝယ်နေကြ တာကြောင့် ဈေးကလည်း တက်လာပါတယ်။ ဒီတစ်ပတ် ဈေးနှုန်း ကတော့ တောင်ပို့ လနနွင်းဆိုရင် ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ် - ၁၂၅၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကတော့ အဝင်ပါးနေပါတယ်။ ဒီတစ်ပတ်မှာ တစ်ပိဿာကို ၉၀၀ ကျပ် - ၉၅၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။                                                              ဧဧခိုင်