Main menu

Background

ပရဆေးကုန်ကြမ်း နယ်စပ်မှကုန်သွယ်မှု အနည်းငယ်ပိုမိုဆောင်ရွက်

Fri, 08/31/2012 - 06:37 -- Anonymous (not verified)

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၆၂ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၂၈၁၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။

ယခင်အပတ်ကအပို့မရှိတဲ့ တောဂျင်း၊ မုတ်ခါး၊ ခပေါင်းစေ့၊ ကြောင်ပန်းစေ့နဲ့ ရွေးစေ့များ ယခုအပတ်မှာအပို့ရှိခြင်းအပြင် နနွင်းခေါင်း၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြက်ဆူစေ့၊ ကြောင်လျာစေ့၊ ချင်းခြောက်၊ တောဂျူးမြစ်နဲ့ မန်ကျည်းမှည့်အစေ့ပါတို့ ယခင်အပတ်ထက် အပို့ပိုခဲ့လို့ ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၉၄ သန်းတန်ဖိုးရှိဟင်းရိုင်းဖြူသုညဒသမ ၁၈ တန်၊ ရှိန်းခို ၆ တန်ကျော်၊ ဇာတိဖ္ပိုလ်သီး ၁ တန်ခွဲ၊ ကတ္တရာသင်္ချေ ၁ တန်နဲ့ တောင်လုံးကျော် ၂ တန်ခွဲ ယခုအပတ်မှာ အသွင်း ရှိခဲ့ပါတယ်။                             MIRT(DOBT)