Main menu

Background

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် တန်ချိန် လျော့ကျသော်လည်း တန်ဖိုးမှာတိုးတက်ရရှိခဲ့

Fri, 08/31/2012 - 06:37 -- Anonymous (not verified)

ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၂ ခုနှစ် ပထမ ၇ လအတွင်း ငရုတ်ကောင်းတင်ပို့မှုက အရေအတွက်အနေနဲ့ လျော့ကျ သွားသော်လည်း ဈေးနှုန်းမြင့်မားလာမှုကြောင့် ဝင်ငွေရရှိမှုမှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီးကန်ဒေါ်လာ ၅၃၂ သန်း ရရှိခဲ့တယ်။

ဗီယက်နမ်နိုင်ငံကယခုနှစ်ပထမ  ၇ လအတွင်းမှာ ယခင် နှစ် ကာလတူကထက် ၆၉ ရာခိုင်နှုန်း လျော့နည်းပြီး တန်ချိန် ပေါင်း ၇၇၀၀၀ သာတင်ပို့ခဲ့ရတယ်။ ဗီယက်နမ်နိုင်ငံက ယခု နှစ်မှာ ငရုတ်ကောင်းကို တန်ပေါင်း ၁၁၀၀၀၀ မှ ၁၁၅၀၀၀ ထိ တင်ပို့ခြင်းမှ ဝင်ငွေကန်ဒေါ်လာ ၇၈၀ သန်းရရှိဖို့ မျှော်မှန်း ထားတယ်။ ဗီယက်နမ်နိုင်ငံက ငရုတ်ကောင်းထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံပေါင်း ၈၀ ကိုတင်ပို့ခဲ့ရပြီး ၎င်းင်းအနက် ဥရောပဒေသနိုင်ငံ များ၊ အမေရိကန်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ကို တင်ပို့ခဲ့မှု မှာ စုစုပေါင်းတင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်း ထိရှိကြောင်း သိရ တယ်။ ဗီယက်နမ်နိုင်ငံက ၂၀၁၁ ခုနှစ်မှာ ငရုတ်ကောင်းကို တန် ၁၂၃၈၀၈ သန်းတင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၇၃၂ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း သိရတယ်။    Source: commodityonline.com,  စန္ဒာပျို