Main menu

Background

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် နှစ်သောင်းငါးထောင်ကျော်သာဝင်

Fri, 08/31/2012 - 06:40 -- Anonymous (not verified)

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် နှစ်သောင်းငါးထောင်ကျော်သာဝင်သီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၂၈၀၀ တန်နဲ့ ဒီဇယ် ၂၂၅၉၀ တန် စုစုပေါင်း ၂၅၃၉၀ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းရန်အတွက် ကုမ္ပဏီ ကိုးခုမှ သွင်းခွင့်လိုင်စင် လျှောက်ထားလာတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် လိုင်စင်လျှောက်ထား တန်ချိန်မှာ သုံးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ သွင်းခွင့်လိုင် စင်လျှောက်ထားတန်ချိန်မှာ  တစ်သောင်းလေးထောင်ကျော် လျော့နည်းခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်ဈေးက ယခင်တစ် ပတ်ဈေးထက် ၅၀ ကျပ်ဈေးမြင့်ပြီး ဓာတ်ဆီ၊အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်ဈေးက ယခင်ဈေးအတွင်းရှိတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်မှာတော့ ဒီဇယ်က ယခင်ဈေး ထက် ၁၀၀-၂၀၀ ကျပ်ဈေးမြင့်ပြီး ဓာတ်ဆီက ယခင်ဈေးအတိုင်းရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးနှုန်းတွေက ဓာတ်ဆီ ၃၅၅၀ ကျပ်၊ ဒီဇယ် ၃၇၅၀ ကျပ်၊ အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်က ၃၉၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်မှာတော့ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၇၀၀-၃၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ်ပုံမှန်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ဒီတစ်ပတ်မှာလည်း အပြောင်းအလဲ မရှိပါဘူး။ ပြင်ပဆိုင်မှာတော့ ဓာတ်ဆီဈေးက မပြောင်းလဲပေမဲ့ ဒီဇယ်ဈေးက တစ်ရာဝန်းကျင်လောက်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီတစ်ဂါလန်ဈေးက ၃၇၀၀ ကျပ်ဈေးဖြစ်ပြီး ဒီဇယ် တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီတစ်ဂါလန်က ၄၁၀၀-၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ  ဓာတ်ဆီ၊ ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ဓာတ်ဆီ၊ဒီဇယ်ဈေးက အပြောင်းအလဲသိပ်မရှိဘူး လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန်ကို ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က တစ်ဂါလန်ကို ၃၇၀၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန်ကို ၃၉၀၀ ကျပ်နဲ့ ဒီဇယ်ဈေးက ၃၅၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းလဲပေမဲ့ ဒီဇယ်ဈေးက ယခင်ဈေးထက် ၁၀၀ ကျပ်ဈေးမြင့်ပါတယ်။ ပြင်ပ ဆိုင်ရဲ့ဈေးတွေကိုလည်း ကြည့်မယ်ဆိုရင် ဓာတ်ဆီဈေးက မပြောင်းပေမဲ့ ဒီဇယ်ဈေး ကယခင်ဈေးထက် ၁၀၀ ဝန်းကျင်ဈေးမြင့်လာတာတွေ့ရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိ ကဆိုင်ရဲ့ ဈေးနှုန်းက ဓာတ်ဆီတစ်ဂါလန် ၃၆၅၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၈၀၀ ကျပ် ဈေးဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းက ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ ဒီဇယ်က ၃၉၀၀ ကျပ်ဖြစ်ပြီး အောက်တိန်းက ပုဂ္ဂလိကဆိုင်ဈေး ၄၀၀၀ ကျပ်ဈေးဖြစ် ပြီး ပြင်ပဆိုင်မှာတော့ ၄၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။  MIRT-DOT
 
နယ်စပ်မှ ဒီဇယ်ရော ဓာတ်ဆီပါ အသွင်းပိုသြဂုတ် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၂၀ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၂၂၇၈၈ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ဓါတ်ဆီ ၂၉၅၆၈ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ဒီဇယ်ဆီဂါလန် ၇၀၀၀ နဲ့ ဓာတ်ဆီ ၉၆၉၆ ဂါလန် အသွင်းပိုခဲ့ပါတယ်။ ယခင်အပတ်က မြိတ်နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုထက် ပိုမိုခဲ့ခြင်းကြောင့်ဖြစ်ပါ တယ်။ ဒီဇယ်တင်သွင်းမှု ယခင်အပတ်ကထက်ပိုမိုရခြင်းမှာ မြိတ်နဲ့ ကော့သောင်းမှ အသွင်းပိုမိုခဲ့၍ ဖြစ်ပါတယ်။                         MIRT(DOBT)