Main menu

Background

တစ်ပတ်အတွင်း မြန်မာ့ရွှေဈေး ကျပ် တစ်သောင်းခွဲကျော် မြင့်တက်ခဲ့

Fri, 08/31/2012 - 06:43 -- Anonymous (not verified)

မြန်မာ့ရွှေဈေးသည်    တစ်ပတ် အတွင်း ကျပ်တစ်သောင်းခွဲကျော်အထိ မြင့်တက်ခဲ့မှုကြောင့်   ရွှေဈေးကွက်   အတွင်း လှုပ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ  ကမ္ဘာ့ရွှေဈေးသည်လည်း တစ်ပတ်အတွင်း  တစ်အောင်စလျှင် ဒေါ်လာ ၄၀ ကျော်မြင့်တက်ခဲ့သည် ကို တွေ့ရသည်။ကမ္ဘာ့ရွှေဈေး မြင့်တက်လာရခြင်းမှာ  ဥရောပတွင် ဖြစ်ပေါ်လျက်ရှိသည့် ယူရို ငွေကြေးအကျပ်အတည်းများကို ကာမိ စေရန်အတွက် ဥရောပဗဟိုဘဏ်မှ ရွှေ များကို  ဝယ်ယူလျက်ရှိခြင်းကြောင့် ကမ္ဘာ့ရွှေဈေးများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း၊  ကမ္ဘာ့ရွှေဈေးတက်မှု ကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်လံ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန် သည်တစ်ဦးက ဆိုသည်။"ဒီရက်ပိုင်းမှာ  မြန်မာ့ရွှေဈေးက ထင်ထားတဲ့အတိုင်းပဲ  တက်လာတာ။ အရင်ရက်တွေတုန်းက တစ်နေ့မှ ငါးရာ တစ်ထောင်လောက်ပဲတက်တာ။အများ  ဆုံးတက်မှ  သုံးထောင်ပဲ။ အခု ဒီတစ် ပတ်ထဲမှာ ရွှေဈေး တက်လာတာက များတယ်။ ဒီတစ်ပတ်ထဲမှာဆို တစ် သောင်းခွဲလောက်   တက်လာခဲ့တာ။ ကျပ် ၇၄၀၀၀၀ လောက်ကနေ ကျပ် ၇၆၅၀၀၀ လောက်အထိ တက်လာ တာ။ အဲဒီလို တက်လာတာမျိုးကျတော့ မြန်မာ့ရွှေလောကမှာ အရောင်းအဝယ် တွေ တန့်ကုန်တာ။ ဈေးတက်လာတဲ့ အခါကျတော့ ဝယ်တဲ့သူကမဝယ်တော့ ဘူး။ ရောင်းမယ့်သူကလည်း ဈေးတက် ဦးမလားဆိုပြီး စောင့်နေတတ်တာမျိုး။ အဲဒီလို  အနေအထားမျိုးကို ရွှေဈေး ကွက် မကောင်းဘူးလို့ပြောလို့ရတယ်"  ဟု ဆိုခဲ့သည်။မြန်မာ့ရွှေဈေးသည်    ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က တစ်ကျပ်သားလျှင် ကျပ် ၇၄၁၂၀၀ သာ ရှိခဲ့သော်လည်း သြဂုတ် ၂၄ ရက်တွင် ကျပ် ၇၅၆၅၀၀ အထိ မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း သြဂုတ် ၂၀ ရက်တွင် တစ်အောင်စလျင် ၁၆၁၈ ဒေါ်လာသာရှိခဲ့ရာမှ သြဂုတ် ၂၄ ရက် တွင် ၁၆၆၅ ဒေါ်လာအထိ မြင့်တက် လာခဲ့သည်။             မယ်သီတာ