Main menu

Background

စိန်တံဆိပ်အပါအဝင် ဘိလပ်မြေတန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ဝင်

Fri, 08/31/2012 - 07:38 -- Anonymous (not verified)

စိန်တံဆိပ်အပါအဝင် ဘိလပ်မြေတန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ဝင်သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၃၈၇၆၅ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ကိုးသိန်းကျော်ဖိုး ကိုပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာေ တာ့ စိန် တံဆိပ်ဘိလပ်မြေ ၁၂၄၀၀ တန်နဲ့ အခြားတံဆိပ်မျိုးစုံ ၂၆၃၆၅ ဒသမ ၁၅ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်း ခြောက်ထောင်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်တင်သွင်းမှု က တန်ချိန်သုံးသောင်းရှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းနှစ်ထောင်နီးပါး ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။                                 MIRT(DOT)

 
ယခုအပတ်နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့သြဂုတ် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၂၁၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၆၅ တန်ခန့် တင်သွင်းခဲ့ရာ ယခင်အပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်လျှင် ၅၃၆ တန်ခန့် လျော့ကျတင် သွင်းခဲ့ပါတယ်။ ယခုအပတ်နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မြိတ်မှ ၉၆၅ တန်၊ တာချီလိတ်မှ ၇၈၅တန်၊ လွယ်ဂျယ်မှ ၄၀၇ တန်ကျော်၊ မူဆယ်မှ ၂၀၈ တန်ခန့်၊ ကော့သောင်းမှ ၁၅၅ တန်နဲ့ ချင်းရွှေဟော်မှ ၄၄ တန်ကျော်တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။ ယခင်အပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်လျှင် မြိတ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ပိုမိုတင်သွင်းခဲ့သော်လည်း တာချီလိတ်၊ ကော့သောင်းနဲ့ မူဆယ် နယ်စပ်များမှ လျော့ကျတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှာ ကမ္ဘာလုံးတံဆိပ် ဘိလပ်မြေ တစ်တန်ကို ၆၆၀၀၀ ကျပ်နဲ့ တာချီလိတ်မှာ ၆၃၀၀၀ ကျပ်ခန့် ဈေးပေါက်လျက်ရှိပါတယ်။                                        MIRT(DOBT)
ဈေးအတက်အကျမရှိ ဈေးကွက်အေးနေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေကအရောင်းအေးနေတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မိုးကလည်းကြီးလာတာကြောင့် ဆောက်လုပ် ရေးလုပ်ငန်းခွင်များလည်း ရပ်နားခဲ့ရတော့ အရောင်းက ပိုပြီး အေးလာတာဖြစ် တယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်မှာ ဈေးကွက်ထဲ(စိန်) ဘိလပ်မြေက ပစ္စည်းပြတ် နေတယ် လို့ သိရပါတယ်။ ကြံ့(မြိုင်ကလေး)က ယခင်ဈေးထက် ၁၇၅ ကျပ်ဈေးကျ ပြီး ကျန်ဘိလပ်မြေများက ယခင်တစ်ပတ် ဈေးအတိုင်းဘဲရှိနေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်အ တွင်း ဖြစ်ပေါ်နေ တဲ့ ဈေးနှုန်းတွေက မြင်းခေါင်း ဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၇၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အရောင်းအဝယ်ပုံ မှန်ရှိသလို ဘိလပ်မြေဈေးကလည်း ယခင်တစ်ပတ် ဈေးအတိုင်းပဲရှိနေတယ်လို့သိရ ပါတယ်။ အေသုံးလုံး ၅၃၀၀ကျပ်၊ မြန်မာဆင် ၅၃၀၀ကျပ်၊ ဆင်(ထိုင်း) ၆၀၀၀ကျပ်၊ စိန်(ထိုင်း) ၆၀၀၀ကျပ်၊ ဆင်မင်း ၅၁၀၀ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်ဈေးနဲ့ အရောင်းဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း ဘိလပ်မြေ အရောင်းအေးနေတယ်လို့ အရောင်း ဆိုင်မှဝန်ထမ်းတစ်ဦးကဆိုပါတယ်      ။ မိုးများပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း      အလုပ်ပါးလာတာကြောင့် အရောင်းအဝယ် လည်း အေးလာပါ တယ်။ ဒါကြောင့် ဘိလပ်မြေဈေးကလည်း ယခင်ဈေးအတိုင်းငြိမ်နေတယ်လို့ သိရပါတယ်။  ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဘိလပ်မြေ(ဆင်) ၄၉၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၈၅၀ ကျပ်၊ မောင်းတိန်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၇၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ အရောင်းအေးတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မကွေးဈေးကွက်မှာ အရောင်း အဝယ်ဖြစ် နေတဲ့ ဘိလပ်မြေဈေးကယခင်တစ်ပတ်ဈေးထက် ဆင်(ထိုင်း)ဘိလပ်မြေက တစ်ရာ ကျပ်ဈေးကျပြီး မြင်းခေါင်းဘိလပ်မြေက ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရ ပါတယ်။ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း)တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေတစ်အိတ်ကို ၅၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ အရောင်းအဝယ်အေးတယ်လို့  ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ စိန်(ထိုင်း) ဘိလပ်မြေက နှစ်ရာကျပ်၊ မြို့တော်ဘိလပ်မြေက တစ်ရာကျပ်ဈေးမြင့်လာပြီး ကျန် ဘိလပ်မြေက ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေက စိန် (ထိုင်း) က တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေတစ်အိတ်ကို ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၆၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။         MIRT(DOT)