Main menu

Background

ဒွန်းနဲ့အိုကေနို့ဆီခြောက်ရာကျော်ဝင်

Fri, 08/31/2012 - 07:42 -- Anonymous (not verified)

ဒွန်းနဲ့အိုကေနို့ဆီခြောက်ရာကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နို့ဆီ ၆၄၁ ဒသမ ၆၇၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့  အိုကေနို့ဆီ ၈၉ ဒသမ ၈၅၆ တန်နဲ့ ဒွန်းနို့ဆီ ၅၅၁ ဒသမ ၈၁၅ တန်ကို မှာယူတင်သွင်းတာ တွေ့ရပါတယ်။

နို့စိမ်းက ဒီတစ်ပတ်နဲ့ဆိုရင် လေးပတ်ဆက်တိုက် အဝင်ပျောက်ခဲ့ပါ တယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန်ချိန် လေးရာ့သုံးဆယ်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာ ကျော် အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က  နယူးဇီလန်နိုင်ငံမှ ၁၇၆ ဒသမ ၃၅ တန်နဲ့ စင်ကာပူနိုင်ငံမှ ၆ ဒသမ ၉၀၈တန်ကိုတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့်အဝင်က တန်ချိန် ၁၈၃ ဒသမ ၂၅၈ တန်ရှိခဲ့ပြီး ယခင်တစ်ပတ် က နို့မှုန့်အဝင်က တန်ချိန်လေးဆယ် ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်က တန် တစ်ရာ့လေးဆယ်အဝင် ပိုခဲ့ပါတယ်။         MIRT (DOT)ကော့သောင်းနယ်စပ်မှသာ နို့စိမ်းတင်သွင်းမှုရှိသြဂုတ် ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ် ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ နို့စိမ်း ၅၆ တန်ခန့် တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်တင်သွင်းမှုထက် ၁၆၇ တန်ခန့် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ယခုအပတ်မှာ ကော့သောင်းမှ နို့ဆီတင်သွင်းမှုရှိသလို မူဆယ်နယ်စပ် မှလည်း နို့မှုန့်တင်သွင်းမှုရှိခဲ့ပါဘူး။ ကော့ သောင်းနယ်စပ်မှာ  နို့ဆီ တစ်တာကို ၂၆၈၀၀ကျပ်၊ နို့စိမ်းတစ်တာကို ၂၇၈၄၀ ကျပ် ဈေးပေါက်ပြီး  တစ်ဖက်နိုင်ငံမှာ နို့ဆီ တစ်တာကို (ဘတ် ၆၂၀) ၁၉ ဒေါ်လာနဲ့  နို့စိမ်း တစ်တာကို (ဘတ် ၆၄၀) ဒေါ်လာ ၂၀ ဈေးပေါက်လျက် ရှိပါတယ်။          MIRT(DOBT)