Main menu

Background

ပင်လယ်ရေကြောင်းက နှမ်းလက်ကျန်တင်ပို့မှု လျော့လာ

Fri, 08/31/2012 - 07:45 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက နှမ်းလက်ကျန်များ တင်ပို့မှုမှာ ဆက်လက်လျော့လာပါ တယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ တန် ၃၁၀ ရှိရာမှ ယခုတစ်ပတ်( သြဂုတ်လ ၁၃ မှ ၁၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၅၀ ကျော်သာ တင်ပို့မှု ရှိလာတာတွေ့ရပါ တယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယားနဲ့ ထိုင်းကို ဖြစ်ပါတယ်။ မိုးနှမ်း အချို့ထွက်ပေမဲ့ ပြည်တွင်းနှမ်းဈေးက ပြည်ပတင်ပို့သူများအတွက် တွက်ချေ မကိုက်တဲ့အတွက် လက်ကျန်နှမ်းများ သာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ မြေပဲ ဆန်တင်ပို့မှုမှာ ၁၂ တန်သာ ရှိကြောင်း သိရပါတယ်။              MIRT - MAPT